ဟယ်ရီတားမြစ်တောရှေ့ကမေဘယ်လ်ပင်ဆီလျောက်လာတော့
မေဘယ်လ်ပင်အောက်မှာသူ့ထပ်အရင်ကြိုရောက်နေတဲ့စလေသရင်းကောင်လေးကမတ်တပ်ရပ်နေတယ်...
ဟယ်ရီ ဒရေဂို့ဆီပြေးသွားပီးဖက်လိုက်တယ်....
သူကလဲဟယ်ရီကိုပြန်ဖက်ထားတယ် ဟယ်ရီ ဒရေဂို့ကိုဖက်ထားရင်းမျက်ရည်တွေကျလာတယ်....
ဒရေဂိုကတော့ရင်ခွင်ထဲကငြိမ်နေတဲ့ကောင်လေးကြောင့် ဖက်ထားရာကခွာပီးမျက်နှာချင်းဆိုင်ကြည့်လိုက်တော့ ဟယ်ရီကငိုနေတယ်....
"ဟယ်ရီ ဘာလို့လဲ ဘယ်သူကမင်းကိုငိုအောင်လုပ်ရတာလဲ"
ဒရေဂို ဟယ်ရီ့မျက်ရည်တွေကိုမြင်တော့ဒေါသထွက်ထွက်နဲ့ပြောလိုက်တယ်....
"မင်းလုပ်တာလေ အရူးကောင်ရဲ့"
"ဟမ် ကိုယ်ကလား?"
"ဟုတ်တယ် မင်းငါ့ကို ၆ရက်လုံးပစ်ထားတယ်လေ "
ဟုတ်တယ်....
သူလွန်ခဲ့တဲ့၆ရက်လုံးသတိမေ့နေခဲ့တာ ခုလည်းဟယ်ရီ့ကိုစိတ်ပူလို့ သတိရရချင်းလာခဲ့တာ
ဟယ်ရီကသူ့ရင်ဘက်ကိုထုရင်း
"အရူးကောင် မင်းကိုမလိုက်လာနဲ့လို့ပြောတာကို စကားနားမထောင်ဖူး ခုတော့ငါ့ကြောင့်...ငါ့ကြောင့်🥺😭"
"မဟုဖူး ဟယ်ရီ မင်းကြောင့်မဟုတ်ပါဖူး အဲ့လိုမတွေးနဲ့ "
"😪😭"
"ဟယ်ရီ ကိုယ့်ကိုကြည့်"
Dracoက ဟယ်ရီ့မေးဖျားလေးကိုပင့်တင်ပီးသူနှင့်အကြည့်ချင်းဆုံစေသည်....
"ခုကိစ္စတွေက ဟိုကောင်ကြီးကြောင့်ဖြစ်လာတာ ကိုယ်ကဟယ်ရီ မထိခိုက်အောင်ကာကွယ်ပေးချင်ခဲ့တာ ဒီလိုတွေဖြစ်အောင်ကိုယ်ပဲရွေးချယ်ခဲ့တာမို့ ဟယ်ရီကိုယ်ကိုကိုယ်အပြစ်မတင်ပါနဲ့"
မြစိမ်းရောင်မျက်ဝန်းလေးကမျက်ရည်စတွေနှင့်မို့နေရောင်အောက်မှာကြည်တောက်တောက်လေးဖြစ်နေသည်....
YOU ARE READING
My Slytherin Prince S1
FanfictionDraco & Harryကိုချစ်လို့ရေးတဲ့ drarry fanficitionလေးပါ jkရဲ့ characterကိုဖျက်စီးလိုစိတ်လုံးဝမရှိပါဖူးနော် Harry potter movie versionကိုမှ drarry version အနေနဲ့ရေးမှာပါ "မင်းကငါ့အတွက်သီးသန့်ဖြစ်တည်လာတဲ့ရပ်ဝန်းလေးနဲ့တူတယ် draco" ခုမှစရေးမှာမို...