အတန်းချိန်မရှိတော့တာမို့ဟယ်ရီ,ရွန်နဲ့ဟာမွန်နီတို့ ကျောင်းဝင်းထဲကခုံမှာထိုင်ရင်းစကားပြောဖစ်ကြတယ်...
"Pro စနိတ်က မှော်ကျောက်တုံးကိုခိုးယူဖို့ကြိုးစားတယ် ဒါမဲ့မအောင်မြင်ပဲ အကိုက်ခံရပီးသူ့ခြေထောက်မှာဒဏ်ရာရသွားတယ် အဲ့လို့လား" ရွန်ကမေးတယ်
ဟာမွန်နီက "ပီးတော့ ဧရာမ မကောင်းဆိုးဝါးသတ္တဝါကြီးကိုလဲသူလွှတ်လိုက်တာပဲနေမယ်"
" အကုန်လုံးရဲ့အာရုံကိုမကောင်းဆိုးဝါးဆီလွှဲထားပီးသူကခိုးဝင်တယ်လို့ပြောချင်တာလား" ဟယ်ရီမေးတယ်
"အင်း ငါလဲအဲ့လိုပဲထင်တယ်ဟယ်ရီ" လို့ရွန်ကထပ်ပြောတယ်
"မှော်ကျောက်တုံးကိုလွယ်လွယ်မရအောင် အစီရင်တွေလုပ်ထားမှာသေချာတယ် ငါသိချင်တာကသူခေါင်းသုံးလုံးခွေးကိုဘယ်လိုဖြတ်သွားတာလဲဆိုတာ" လို့
ဟာမွန်နီကသူမရဲ့ထင်မြင်ချက်ကိုပြောပြတယ်
"ဟက်ဂရစ်ကိုဘာလို့မမေးကြည့်တာလဲ"
ဘယ်ချိန်တည်းကသူတို့နားရောက်နေမှန်းမသိတဲ့ဒရေဂိုကထပြောတယ်...
"လန့်လိုက်တာ! မင်းဘယ်ချိန်ထဲကရောက်နေတာလဲ ဒရေဂို!"လို့ဟယ်ရီကအော်လိုက်တယ်
"ဘာမဟုတ်တာလုပ်နေလို့လန့်နေတာလဲပေါ်တာ"
"ဘာမှမလုပ်ပါဖူး"
"လိမ်တယ်"
"ဒရေဂို ငါရန်မဖြစ်ချင်ဖူး"
ဒရေဂိုကဟယ်ရီ့စကားကိုနားမထောင်တော့ပဲထွက်သွားတယ်...
"ဟယ်ရီ သူမင်းကိုစိတ်ဆိုးသွားပီထင်တယ်"
"သွားပါစေရွန် ဒီကိစ္စတွေထဲသူ့ကိုမပါစေချင်ဖူး"
"ဘာလို့လဲ" ရွန်ကထပ်မေးတယ်
"သူ့အဖေက ဒက်အီတာလေ ဒရေဂိုသာခုကိစ္စထဲပါလာရင်နောက်ဆက်တွဲပြသာနာတွေရှိလာနိုင်တယ် ငါပြောတာဟုတယ်မလားဟယ်ရီ" ဟာမွန်နီကဟယ်ရီ့ကိုမေးတယ်
"အင်း"
သူတို့ပြောနေတာကိုထောင့်အကွယ်ကနားထောင်နေတဲ့ကောင်လေးတျောက်ကတော့ပြုံးနေလေရဲ့...
YOU ARE READING
My Slytherin Prince S1
FanfictionDraco & Harryကိုချစ်လို့ရေးတဲ့ drarry fanficitionလေးပါ jkရဲ့ characterကိုဖျက်စီးလိုစိတ်လုံးဝမရှိပါဖူးနော် Harry potter movie versionကိုမှ drarry version အနေနဲ့ရေးမှာပါ "မင်းကငါ့အတွက်သီးသန့်ဖြစ်တည်လာတဲ့ရပ်ဝန်းလေးနဲ့တူတယ် draco" ခုမှစရေးမှာမို...