ဟယ်ရီ,ရွန်နဲ့ ဟာမွန်နီတို့ ဂရင်းဖင်းဒေါလ်ရဲ့နားနေခန်းထဲမှာစုပီးလျို့ဝှက်တံခါးကိုသွားဖို့တိုင်ပင်နေတုံးး......
နယ်ဗီး ကရောက်လာပီး
"မင်းတို့ပြောနေတာငါအကုန်ကြားတယ် မင်းတို့...မင်းတို့သွားလို့မရဖူး ...မသွားနဲ့ သွားရင်ငါမင်းတို့ကိုထိုးမှာနော်"
"ပက်ထရီဖီကပ် တိုတဲလပ်စ်"(Petrificus totalus)
ဟာမွန်နီက သူမရဲ့မှော်ကြိမ်လုံးကိုထုတ်ပီး တစ်ကိုယ်လုံးထောင့်စေတဲ့ဂါထာကိုသုံးလိုက်တာကြောင့်
နယ်ဗီး တကိုယ်လုံးတောင့်သွားပီးကြမ်းပြင်ပေါ်လဲကျသွားတယ်
ဟာမွန်နီက "ခုလိုလုပ်လိုက်ရလို့ ငါတောင်းပန်ပါတယ်နယ်ဗီး ငါတို့မသွားလို့မဖြစ်လို့ပါ "
ဟယ်ရီတို့၃ယောက်လဲ ကိုယ်ပျောက်ခြုံထည်ခြုံပီးလျို့ဝှက်တံခါးဆီထွက်လာကြတယ်
နယ်ဗီးကိုတော့ဂရင်းဖင်းဒေါလ်နားနေခန်းထဲမှာထားခဲ့လိုက်ကြတယ်....
"ငါတို့စလေသရင်းအဆောင်ရှေ့ကဖြတ်မယ်" လို့ဟယ်ရီကပြောတယ်
"ဒရေဂို့ကိုခေါ်မလို့လား"
"အင်း "
"မင်းပြောတော့..."
"သူကတခြားဟာတွေစိတ်ပူစရာမလိုဖူးတဲ့လေ 😁"
"အေး ကောင်းတယ်😏"
စလေသရင်းဆောင်ရှေ့ရောက်တော့ဒရေဂို့ကို့တွေ့လိုက်တယ်...
"ဒရေဂို "
ဟယ်ရီက ကိုယ်ပျောက်ခြုံထည်ထဲကနေထွက်ပီးခေါ်လိုက်တယ်...
"အင်း ဟယ်ရီ သွားကြတော့မလား"
"အင်း "
သူတို့၄ယောက်ကိုယ်ပျောက်ခြုံထည် ခြုံပီးလျို့ဝှက်တံခါးဆီထွက်လာကြတယ်....
ဟယ်ရီတို့ ခေါင်းသုံးလုံးခွေးရှိတဲ့အခန်းကိုရောက်တော့
ရွန်က ဘေးမှာရှိတဲ့စောင်းကြိုးကိုတီးလိုက်တယ်....
ခနကြာတော့ခွေးကြီးကအိပ်ပျော်သွားမှဒရေဂိုကတံခါးပေါက်ကိုသတိထားပီးဖွင့်လိုက်တယ်...
YOU ARE READING
My Slytherin Prince S1
FanfictionDraco & Harryကိုချစ်လို့ရေးတဲ့ drarry fanficitionလေးပါ jkရဲ့ characterကိုဖျက်စီးလိုစိတ်လုံးဝမရှိပါဖူးနော် Harry potter movie versionကိုမှ drarry version အနေနဲ့ရေးမှာပါ "မင်းကငါ့အတွက်သီးသန့်ဖြစ်တည်လာတဲ့ရပ်ဝန်းလေးနဲ့တူတယ် draco" ခုမှစရေးမှာမို...