<Unicode>
ဒေါက်...ဒေါက်"ဘယ်သူလဲ...တံခါးဖွင့်ထားတယ်ဝင်ခဲ့.."
"ထည်ဝါ...ရေချိုးမလို့လား.."
"အင်းလေ.."
"မောင်လဲမချိုးရသေးဘူး..."
"ဒါဆိုခနစောင့်..ငါအရင်ချိုးလိုက်မယ်.."
"ဟင့်အင်း...တူတူချိုးချင်တာမောင်က.."
"မောင်ပေါက်ကရမပြောစမ်းနဲ့..."
"မောင်အတည်ပြောနေတာ..နော်...နော်..ချိုးမယ်နော်.."
"မချိုးရပါဘူး.."
ကျနော်လဲလန့်ဖြန့်ကာရေချိုးခန်းထဲပြေးဝင်ကာတံခါးလော့ချလိုက်တယ်။ရေချိုးပီးတဘက်ကိုခါးမှာပတ်ကာပြန်ထွက်လာတော့မောင်ကကုတင်ပေါ်တွင်ထိုင်ကာကျနော့ကိုကြည့်နေလေတယ်။
"မောင်..ဘာကြည့်နေတာလဲ..ရေချိုးမလို့မလားသွားချိုးတော့.."
"ဟင့်အင်း..ချိုးလာပီးပီ.."
"ဟမ်..ခုနကမချိုးရသေးဘူးဆို.."
"မောင်ကထည်ဝါနဲ့တူတူချိုးချင်လို့.."
"အာ...ဒီနှာဘူးနဲ့ကတော့လေ.."
"ထည်ဝါနော်..မောင်ကဘာမှနှာဘူးမထရသေးဘူး..အခုမှထမှာ..."
"အားး...မောင်အနားကိုလာရဲလာကြည့်နော်..အိမ်ပြင်ထွက်အိပ်ခိုင်းလိုက်မယ်...ဘာမှတ်နေလဲ.."
"ထည်ဝါကလဲဟင့်..တွန့်တိုလိုက်တာ..အင်းပါ..ချစ်တော့လဲသည်းခံရမှာပေါ့..စိတ်လျှော့ပေါလူရေ..စိတ်လျှော့.."
ကျနော်လဲမောင်ထုတ်ထားပေးသောညဝတ်အင်္ကျီကိုယူကာရေချိုးခန်းထဲသို့ဝင်လဲရတော့သည်။အပြင်မှာလဲရင်ကျားချောင်းချောင်းနေတဲ့သူကရှိနေတာမဟုလား။အဝတ်စားလဲပီးထွက်လာတော့မောင်ကကုတင်ပေါ်တွင်လှဲအိပ်နေကာကျနော်ကိုမြင်တော့သူ့ဘေးနားကိုလက်ပုတ်ကာခေါ်လေတော့ကျနော်ကြက်သီးများပင်ထသွားတော့သည်။
"လာလေ..ထည်ဝါရဲ့ဘာတေကြောင်ကြည့်နေတာလဲ..လာဘေးကို.."
ကျနော်လဲစိတ်လျှော့ကာမောင့်ဘေးတွင်ဝင်လှဲလိုက်တော့ခါတိုင်းလိုမောင့်ရဲ့လက်ကခါးပေါ်ရောက်မလာခဲ့ပေ။ကျနော့်စိတ်ထဲဘဝင်မကျဖြစ်သွားမိသည်။မောင်စိတ်ကောက်နေသည်အထင်နှင့်မောင့်ဘက်ကိုလှည့်ကာရင်ခွင်ထဲတိုးဝင်ကာခါးကိုဖတ်ထားလိုက်မိသည်။ထိုအခုမှမောင်ကကျနော်ပြန်ဖက်ကာနှဖူးကိုအကြင်နာခြွေပီး....