<Unicode>
ပြတင်းပေါက်ကတဆင့်နေရောင်များက
ထည်ဝါ့မျက်နှာပေါ်ဖြာကျလာတော့ထည်ဝါတယောက်နိုးလာသည်။မနေ့ကအကြောင်းတေပြန်တွေးကြည့်မိတော့ထည်ဝါတယောက်ပါးလေးများရဲလာကာမောင့်ရင်ခွင်ထဲကနေအနဲငယ်မော့ပီးမောင့်မျက်နှာကိုကြည့်လိုက်သည်။မောင်ကခန့်ညားလိုက်တာ မောင်အိပ်စက်နေတဲ့မျက်နှာလေးကိုတစိမ့်စိမ့်ငေးမကြည့်ရတာကြာပီ။မောင်ကဘယ်အချိန်ကြည့်ကြည့်ကိုကြည့်လို့မ၀ဖြစ်နေပါရောလားမောင်ရယ်။ထည်ဝါလက်ချောင်းလေးများဖြင့်မောင့်မျက်နှာပြင်ကိုထိတွေ့နေမိတယ်။ခနနေတော့မောင်ကလူးလွန့်လာကာ...."မောင့်ရဲ့ကလေးလေး....နိုးနေပီလား"
"ဟုတ်မောင်"
မောင်ကထည်ဝါ့နဲ့အကြည့်ချင်းစုံစေကာစူးစိုက်ကြည့်နေတော့ထည်ဝါ့မျက်နှာတခုလုံးနီရဲလာတော့တယ်။
"နာနေသေးလား...မောင့်ရဲ့ကလေးလေး"
"မောင်...အဲ့...အဲ့လိုကြီးမမေးနဲ့လေ"
"ဘာလို့လဲမိန်းမလေးရဲ့..မောင်ညကစိတ်မထိန်းနိုင်ပဲကြမ်း.....အား"
စကားပင်မဆုံးသေးထည်ဝါကမောင့်လက်မောင်းကိုကိုက်ချလိုက်တော့သည်။
"မပြောပါနဲ့ဆို.."
"ဟုပါပီ မောင်မပြောတော့ဘူးနော်...အဲ့နှုတ်ခမ်းကြီးဆူမနေနဲ့တော့..မောင်စိတ်မထိန်းနိုင်ပဲနောက်တခါထပ်..."
"မောင်.....!"
"ဟား..ဟား..မစတော့ဘူးနော် စိတ်မဆိုးလိုက်ပါနဲ့ လာထတော့မလား"
"ထမယ် ဗိုက်ဆာနေပီ"
"လာ...မောင်တွဲကူမယ်"
ရေချိုးခန်းထဲထိမောင်ကတွဲကူပေးကာထည်ဝါ့ကိုဘေစင်ပေါ်ထိုင်စေပီးသွားတိုက်၊မျက်နှာသစ်အကုန်လုပ်ပေးသည်။နှစ်ယောက်လုံးသန့်ရှင်းပီးတော့မောင်ကထည်ဝါ့ကိုကလေးချီသလိုပွေ့ချီလာကာထမင်းစားခန်းသို့၀င်လာပီးထိုင်ခုံတွင်ချပေးသည်။
"မောင်...ထမင်းကြော်ပေးမယ်..ခနစောင့်နော်ကလေးလေး"
"ထည်ဝါလဲကူပေးမယ်လေ..မောင်"
"ရတယ်ထိုင်နေပါမောင့်အချစ်ရယ်..မောင်ပဲလုပ်လိုက်ပါ့မယ်"
ထို့နောက့်ကော်ဖီတခွက်ဖျော်ကာအရင်လာချပေးရင်းထမင်းကြော်ဖို့ပြင်ဆင်တယ်။ထည်ဝါကကော်ဖီသောက်ရင်းမောင်လုပ်သမျှကိုလိုက်ကြည့်နေတယ်။ချက်ပြုတ်လို့ပီးတော့အတူတူစားသောက်ကာဧည့်ခန်းထဲတွင်အတူတူTVထိုင်ကြည့်နေလိုက်သည်။မောင်ကထည်ဝါ့ကိုရင်ခွင်ထဲသွင်းကာလက်လေးကိုနမ်းလိုက်ဆံပင်လေးများကိုနမ်းလိုက်နှင့်အလုပ်ရှုပ်နေတယ်။