Part 1

199 15 1
                                    

Angels တွေနဲ့ Devils တွေကြားမှာ
ချစ်ကြည်ရေး စာချုပ်လို့ အမည်ခေါ်တဲ့ နားလည်မှု စာချုပ်တစ်ခုရှိပါတယ်။
သူတို့ဟာ နှစ်ပေါင်း ၁၀၀၀ ပြည့်တိုင်း သူတို့နှစ်ဖက်ကြားက ဆက်ဆံရေးကို ပိုမိုမြဲမြံစေရန်အတွက် တစ်ဖက်စီကနေ
ကိုယ်စားလှယ် တစ်ယောက်ကို ရွေးချယ် ပြီး ကမ္ဘာမြေရဲ့ အိမ်တစ်အိမ်ထဲမှာ
ရက်ပေါင်း ၁၀၀ တိတိ အတူတကွ နေထိုင် စေပါတယ်။
ဒီလိုနေထိုင်တဲ့အခါ မှာလည်း သူတို့ဟာ တစ်ရက်ကို အနည်းဆုံး တစ်ကြိမ်တော့ အတူတူ စားသောက်ရမယ်။ နှစ်ဦးနှစ်ဖက် ထိခိုက်နစ်နာအောင် ခိုက်ရန်ဖြစ်ပွားခြင်း မရှိရဘူးဆိုတဲ့ ကတိကဝတ်တွေနဲ့ပေါ့။

War, (Angel တွေရဲ့ ကိုယ်စားလှယ်)
ကမ္ဘာမြေကြီးက ဘယ်လိုပုံစံမျိုးရှိလဲဆိုပြီး စူးစမ်းချင်စိတ်အပြည့်ရှိပြီး Devil ဆိုတာ ဘယ်လို မျိုးလဲ အရမ်းသိချင်နေတဲ့ နတ်သားလေး ...
Yin, ( Devil တွေရဲ့ ကိုယ်စားလှယ်)
ပြစ်ဒဏ်ခံနေရတဲ့ သူငယ်ချင်းကို မကြည့် ရက်လို့ လွှတ်ပေးလိုက်တဲ့အတွက် အပြစ် ပေးတဲ့ အနေနဲ့ ကမ္ဘာမြေကို
ကိုယ်စားလှယ် အဖြစ်စေလွှတ်ခြင်းခံရသူ ...

သူတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုမှာတော့ Angel လေး က Devil နဲ့ သူငယ်ချင်း ဖြစ်ချင်ခဲ့ပေမယ့် Devil ကတော့ လျစ်လျှုရှုနေခဲ့တယ်။ Angel လေး က Devil နဲ့ နီးစပ်ဖို့ကြိုးစားလေ Devil က ပိုပိုစိတ်ရှုပ် ပြီး Angel ကို လျစ်လျှုရှုလေပါပဲ။ ဒီလိုနဲ့အချိန်ကတော့ တစ်လတိတိကုန်ဆုံးသွားပါတယ်။

တစ်ရက်မှာတော့ တစ်စုံတစ်ယောက် Piano တီးနေတာကို Devil ကြားသွားပါတယ်။ ဒီအသံက ဘယ်ကလာတာလဲလို့ သူလိုက်ရှာတဲ့အခါမှာ Piano ကို ပျော်ရွှင်စွာနဲ့ တီးနေတဲ့ Angel လေးကို သူတွေ့လိုက်ရပါတယ်။ Devil တစ်ယောက်အံ့အားသင့်ပြီး အနားရောက်အောင် လျှောက် သွားမိလိုက်တယ်။

တစ်ဖက်ကနေ တစ်စုံတစ်ယောက် ရပ်ကြည့်နေတယ်လို့ Angel သတိထားမိသွားတဲ့အချိန်မှာ Devil လှည့်ထွက်သွားခဲ့ပါတယ်။ Angel က Devil ရဲ့ ပခုံးကို လှမ်းကိုင်လိုက်ပြီး ထွက်မသွားဖို့တားလိုက်မိတယ်။ Devil ရဲ့ ဒဏ်ရာ ဘယ်မှာရှိနေလဲဆိုတာ မသိဘဲနဲ့ပေါ့။ Angel ရဲ့ ဒီအပြုအမူက Devil ကို အကြီးအကျယ် စိတ်ဆိုးသွားစေပါတယ်။

ရက်အနည်းငယ်ကြာတဲ့အထိ Angel လေးက Devil ရဲ့ ခပ်လှမ်းလှမ်းမှာနေခဲ့ပါတယ်။ သူက Devil ကို တောင်းပန်ဖို့လဲ ကြိုးစားခဲ့ရင်းနဲ့ပေါ့။
Devil တစ်ယောက် ဂီတသံတွေကို နှစ်သက်လိမ့်မယ်လို့ Angel လေး တွေးမိတဲ့အတွက် Devil နေရတာပိုပြီးသက်တောင့်သက်သာဖြစ်လာအောင် သူတယောတွေ ထိုးပြပါတော့တယ်။ ဒါက တကယ့်ကိုပဲ Devil ရဲ့ အာရုံစိုက်မှုကို သူရခဲ့ပါတယ်။

ရက်အနည်းငယ်ကြာတဲ့အထိ Angel လေးက Devil ရဲ့ ခပ်လှမ်းလှမ်းမှာနေခဲ့ပါတယ်။ သူက Devil ကို တောင်းပန်ဖို့လဲ ကြိုးစားခဲ့ရင်းနဲ့ပေါ့။ Devil တစ်ယောက် ဂီတသံတွေကို နှစ်သက်လိမ့်မယ်လို့ Angel လေး တွေးမိတဲ့အတွက် Devil နေရတာပိုပြီးသက်တောင့်သက်သာဖြစ်လာအောင် သူတယောတ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
နှစ်ပေါင်း ၁၀၀၀ ရဲ့ ရက်ပေါင်း ၁၀၀Where stories live. Discover now