သူတို့နောက်ဆုံးအကြိမ်အနေနဲ့ အတူတူစားသောက်ကြတယ်။ သူတို့ပထမဆုံးအကြိမ်တွေ့တုန်းကလိုပဲ စားပွဲရဲ့ တဖက်တချက်စီမှာ ထိုင်နေရင်းနဲ့ပေါ့။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ Angel လေးဟာ Devil ကို ပြုံးပြခဲ့တယ်။
Devil က Angel လေးဖက်ကို သူစားမယ့် ပန်ကန်ကို ပို့ပေးလိုက်တယ်။ ပန်းကန်ထဲမှာတော့ Angel အရမ်းကြိုက်တဲ့ လုံးဝ အကျက်ချက်ထားတဲ့ Steak နဲ့ပေါ့။
ပြီးတော့ သူက Angel သောက်နေတဲ့ နွားနို့ကို သူ့ကို တဝက်ခွဲတိုက်ဖို့ ပြောခဲ့တယ်။ ( တကယ်တော့ သူက နို့လုံးဝမသောက်ဘဲ Wine ပဲသောက်တဲ့ Devil ပါ။ )
Angel လေးက သူ့ရဲ့ နွားနို့ တစ်ခွက်လုံး Devil ကို ပေးလိုက်ပါတယ်။သူတို့ရဲ့နောက်ဆုံးရက်မှာ သူတို့၂ယောက်ရဲ့ အကြောင်းတွေကို စကားတွေ အများကြီး ပြောဖြစ်ကြတယ်။
Activities တွေလဲ အတူတူလုပ်ခဲ့ကြတယ်။ Devil က ပန်းပင်တွေရေလောင်းပေးခဲ့သလို ... Angel လေးကလဲ Chess ကစားတာကို ပြန်လေ့ကျင့်နေခဲ့တယ်။
သူတို့နဲ့အတူ ယူသွားလို့မရနိုင်ဘူးဆိုတာ သိနေခဲ့ပေမယိ့ သူတို့၂ယောက် ဓါတ်ပုံတွေ အတူရိုက်ခဲ့ကြတယ်။
ပြီးတော့ ဒီအိမ်လေးမှာပဲ ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။၂ယောက်လုံးဟာ အိမ်ပြန်ဖို့အတွက်သူတို့၂ယောက်ရဲ့ မူလဝတ်စုံတွေကို လဲလှယ်ပြီးသွားခဲ့ပါပြီ။ လှေကားရဲ့ တဖက်တချက်မှာ ရပ်နေရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြီးကြည့်နေခဲ့ကြတယ်။
တစ်ယောက်လက်ကို တစ်ယောက်ဆွဲကိုင်လိုက်တဲ့ အချိန်မှာ သူတို့ရဲ့ လက်ဝတ်တန်ဆာက တောက်ပလာပြီး မန္တာန် ပျက်ပြယ်သွားတဲ့ ပုံမှန်လက်ဝတ်တန်ဆာ အဖြစ် ပြောင်းလဲသွားခဲ့တယ်။
ဒီနောက်မှာတော့ သူတို့ ၂ယောက်ဟာ လက်ဝတ်တန်ဆာကို လဲလှယ်သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နောက်ဆုံး နှုတ်ဆက်တဲ့အနေနဲ့ တစ်ယောက်မျက်နှာကို တစ်ယောက် ပြုံးကြည့်ပြီးတဲ့ နောက်မှာ သူတို့ ပြန်ရမယ့် အရပ်တွေကို ဦးတည်လိုက်ပါတယ်။
Devil ဟာ Angel လေး တဖြည်းဖြည်းဝေးသွားတဲ့ အထိ Angel လေးရဲ့ နောက်ကျောလေးကို ကြည့်နေခဲ့မိတယ်။ ပြန်ရမယ့်လမ်းကို မဦးတည်မိ သူ ပြုံးလိုက်မိတယ်။
Angel လေးကတော့ Devil လေးကို ပြန်လှည့်ကြည့်ခဲ့တဲ့ အချိန်မှာ သူ့ရင်ထဲမှာ Devil လေးကို ဘယ်တော့မှ မေ့မသွားပါဘူးလို့ အထပ်ထပ်အခါခါ ကတိတွေပေးနေရင်းနဲ့ပေါ့။....
နှစ်ပေါင်း ၁၀၀၀ ကြာညောင်းသွားတဲ့နောက်မှာ Angels တွေနဲ့ Devil တွေဟာ သူတို့ရဲ့ သဘောတူ စာချုပ်ကို အသစ်လုပ်ဖို့ အတွက် ကိုယ်စားလှယ်တွေကို ကမ္ဘာမြေပြင်ကို စေလွှတ်ပါတော့မယ်။
Yin နဲ့ War ကလည်း ကမ္ဘာမြေပြင်ကို ဆင်းသက်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကိုယ်စားလှယ် အဖြစ်မဟုတ်ဘဲ
ကိုယ်စားလှယ်တွေရဲ့ အုပ်ထိန်းသူအနေနဲ့ ကိုယ်စားလှယ်တွေကို ကမ္ဘာမြေပြင်ကို စေလွှတ်တဲ့အခါ တာဝန်ယူတဲ့ သူအဖြစ်နဲ့ပေါ့။
နှစ်ပေါင်း ၁၀၀၀ကြာပြီးတဲ့နောက်မှာတော့ သူတို့ ပြန်ဆုံခဲ့ကြပါပြီ။War : လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကအချိန်တွေကို ငါအရမ်း သတိရတာပဲ။ မင်းရော ... ဒီနှစ်တွေမှာ အဆင်ပြေရဲ့လား ?
Yin : လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ က ရက်တွေလောက် နေလို့ မကောင်းဘူး။
သူတို့ဟာ သတိမထားမိပါဘဲနဲ့ အချင်းချင်း နီးကပ်သွားကြတယ်။ ၂ယောက်အတူတူ ပန်းခြံထဲ လမ်းလျှောက်လာခဲ့တယ်။
တစ်ယောက်ကို တစ်ယောက်ပြုံးကြည့်နေရင်းတစ်ယောက်လက်ကို တစ်ယောက် မြဲမြဲမြံမြံ ဆုပ်ကိုင်ထားကြတယ်။ သူတို့ရဲ့ လက်ဝတ်တန်ဆာတွေ အချင်းချင်း ပွတ်တိုက်မိသွားကြတယ်။
ဟုတ်ပါတယ်။ Devil လေးဟာ Angel လေးရဲ့ လက်ဝတ်တန်ဆာကို ဝတ်ဆင်ထားသလို၊ Angel လေးကလည်း Devil လေးရဲ့ လက်ဝတ်တန်ဆာကို ဝတ်ဆင်ထားဆဲပါပဲ။.
.
.
( ပြီး ပါ ပြီ)
E trans ပေးထားတဲ့ သူက ဒီအထိပဲပါပါတယ်။ အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်။
YOU ARE READING
နှစ်ပေါင်း ၁၀၀၀ ရဲ့ ရက်ပေါင်း ၁၀၀
RomanceThis is just a story retelling related about 100 Days of 1000 Years. This is just a fan translation.