Part 3

114 10 1
                                    

ဒီနောက်မှာတော့ သူတို့၂ယောက်ဟာ ဧည့်ခန်းမှာပဲ အိပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Angel ရဲ့ အခန်းက Devil အတွက် အရမ်းကိုအေးလွန်းသလို Devil ရဲ့ အခန်းကလဲ Angel အတွက် အရမ်းကို ပူပြင်းလွန်းတဲ့
အတွက် ကြောင့်ပေါ့။

သူတို့မှာ ရွေးချယ်စရာမရှိခဲ့ပါဘူး။စားတော့လဲ အတူတူ၊ သွားတိုက်မျက်နှာသစ်တော့လည်း အတူတူ၊ ရေချိုးတော့လည်း တယောက်တလှည့်စီ စောင့်ပေးရင်းနဲ့ပေါ့။ အစပထမမှာ Devil က စိတ်မကောင်းဖြစ်ပေမယ့် ရက်သတ္တပတ် အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ ဒီလိုနေရတာ သိပ်ပြီးတော့လည်း...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သူတို့မှာ ရွေးချယ်စရာမရှိခဲ့ပါဘူး။
စားတော့လဲ အတူတူ၊ သွားတိုက်မျက်နှာသစ်တော့လည်း အတူတူ၊ ရေချိုးတော့လည်း တယောက်တလှည့်စီ စောင့်ပေးရင်းနဲ့ပေါ့။
အစပထမမှာ Devil က စိတ်မကောင်းဖြစ်ပေမယ့် ရက်သတ္တပတ် အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ ဒီလိုနေရတာ သိပ်ပြီးတော့လည်း မဆိုးဘူးလို့ သူမြင် လာခဲ့တယ်။
ဘယ်လောက်အထိရင်းနှီးလာခဲ့သလဲ
ဆိုရင် ရေချိုးခန်းမှာ ၂ယောက်သား
ကိုယ်လုံးတီးနဲ့ ရေအတူတူချိုးခဲ့တဲ့ အထိပါပဲ 🤭🤭

Angel လေးဟာ Devil အတွက် ဆေးရည် အသစ်ဖော်စပ်ခဲ့ပြီး Devil ရဲ့ ဒဏ်ရာပေါ်မှာ သူ့ရဲ့ဆေးရည်လေးတွေကို အစက်ချပေးလိုက်ပါတယ်။ မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ဒဏ်ရာဟာ အမာရွတ်လေးတစ်ခုတောင်မကျန်ပါဘဲနဲ့ သက်သာပျောက်ကင်းသွားပါတော့တယ်။

Devil ရဲ့ ဒဏ်ရာကို သက်သာပျောက်ကင်းအောင်ကုသပေးတဲ့အတွက် အပြန်အလှန်အနေနဲ့ Angel တောင်းဆိုခဲ့တာကတော့ သူ့ကို Chess ကစားတာ သင်ပေးဖို့ ရယ်၊ Steak လုပ်ရင် Angel စားနိုင်တဲ့ အနေအထားလေး ချက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ Devil က Steak စားရင် အပေါ်ယံကျောကျက်ရုံလောက်စားပေမယ့် Angel ကတော့ အသားအားလုံးကျက်တာကို ပိုသဘောကျတယ်။ ဒါကြောင့် သူတို့က တဝက်အကျက်ချက်ဖို့ သဘောတူညီလိုက်ပါတယ်။

( Devil >> rare/blue rare cook = တဖက်ကို ၁မိနစ်စီပဲ အပူပေးတာပါ။
Angel >> well-done = တဖက်ကို ၅မိနစ်စီ အပူပေးတာပါ။
Devil+Angel >> Mediui rare = တဖက်ကို အနည်း ၂မိနစ်စီ အပူပေးတာပါ)
( T/N - ဘယ်မှာ ဖတ်ဖူးတာလဲ မမှတ်မိတော့ပါဘူး။ YinWar ၂ယောက်လုံးက Steak စားရင် Medium rare cook ကို အကြိုက်ဆုံးပါတဲ့ )

သူတို့ ၂ယောက်အတူ ပန်းပင်လေးတွေလဲ စိုက်ပျိုးကြတယ်။ ဒါပေမယ့် Devil ထိလိုက်တာနဲ့ အပင်လေးတွေက ညှိုးကြသွားတယ်။  Angel က Devil ရဲ့လက်ကို တွဲပြီး အတူစိုက်ပျိုးမှသာ ပန်းပင်လေးတွေ ရှင်သန်တာပါ။
Devil ဟာ Angel ထံကနေ ပန်းပင်လေးတွေကို ဘယ်လို ဂရုတစိုက် စိုက်ပျိုး ထိန်းသိမ်းရမှာလဲဆိုတာ တဆင့်ပြီးတဆင့် သေသေချာချာ သင်ယူခဲ့ပါတယ်။ ဒီလိုသင်နေတဲ့ အချိန်မှာလဲ Angel လေးရဲ့ လက်ကို ဆုပ်ကိုင်ထားရင်းနဲ့ပေါ့။

ဧည့်ခန်းဟာ သူတို့၂ယောက် အတွက် ကိစ္စတွေ တော်တော်များများကို အတူတူ လုပ်ကြတဲ့ နေရာ တစ်ခု ဖြစ်လာပါတယ်။ ဂစ်တာ အတူတူတီးကြသလို အခြားသော တူရိယာပစ္စည်းတွေကိုလဲ အတူတူ
တီးခတ်ကြတဲ့နေရာ တစ်ခု ဖြစ်လာတာပေါ့။ ဒီနေရာလေးဟာ သူတို့၂ယောက် သက်တောင့်သက်သာနဲ့ အိပ်ပျော်လာ
နိုင်တဲ့ နေရာတစ်ခု ဖြစ်လာခဲ့တယ်။

တစ်ခုသောမနက်မှာ Devil နိုးလာတဲ့ အချိန် မှာ သူ့ရဲ့ လက်ကောက်ဝတ်က ပေါ့ပါးနေတာကို သတိထားမိသွားတယ်။ ဟုတ်ပါတယ်။ ချိန်ကြိုး မရှိတော့ပါဘူး။ Angel နဲ့ Devil တို့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်မေးခွန်းထုတ်ခဲ့ကြတယ်။ ဒီချိန်းကြိုး ဘယ်တုန်းက ပျောက် သွားတာလဲလိ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တစ်ခုသောမနက်မှာ Devil နိုးလာတဲ့ အချိန် မှာ သူ့ရဲ့ လက်ကောက်ဝတ်က ပေါ့ပါးနေတာကို သတိထားမိသွားတယ်။ ဟုတ်ပါတယ်။ ချိန်ကြိုး မရှိတော့ပါဘူး။ Angel နဲ့ Devil တို့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်မေးခွန်းထုတ်ခဲ့ကြတယ်။ ဒီချိန်းကြိုး ဘယ်တုန်းက ပျောက် သွားတာလဲလို့ပေါ့။
ဒါပေမယ့် သူတို့ သတိမထားမိတာက ဒီချိန်းကြိုးဟာ လွန်ခဲ့တဲ့ ရက် အနည်းငယ်ကတည်းက သူတို့ရဲ့ လက်ကောက်ဝတ်မှာ မရှိတော့တာကိုပါပဲ။ သူတို့ အတူနေရမယ့် ရက်ပေါင်း ၁၀၀လဲ ပြည့်သွားပြီဆိုတာကိုလဲ သတိမထားမိဘဲနဲ့ပေါ့။ 🥺🥺🥺
Angel လေးဟာ ဝမ်းနည်းစွာပြုံးရင်းနဲ့ပြောလိုက်တယ်
" ရက်ပေါင်း ၁၀၀ ကလဲ တိုလိုက်တာ "

နှစ်ပေါင်း ၁၀၀၀ ရဲ့ ရက်ပေါင်း ၁၀၀Where stories live. Discover now