Devil ဟာ သူ့ကိုသူတောင် သတိမထားမိဘဲ ဒဏ်ရာရဲ့ နာကျင်မှုတွေမေ့လျော့ ပြုံးရွှင်ပြီး Angel လေးထံကို လျှောက် လာခဲ့ပါတယ်။ Angel လေးက
သူလုပ်လိုက်မိတဲ့ ဒဏ်ရာအခြေအနေကိုမေးတဲ့အခါ Devil ကတော့ သူအဆင်ပြေကြောင်းနဲ့ Angel လုပ်လိုက်တဲ့ ဒဏ်ရာက တကယ်တော့ သူ့ကို ဒီလောက်ကြီး မနာကျင်စေကြောင်း ပြောခဲ့ပါတယ်။
ဒါနဲ့ Angel လေးက Devil ရဲ့ ဒဏ်ရာသက်သာစေဖို့ နောက်ရက်တွေလည်း ဆက်တီးပြမယ်လို့ပြောလိုက်ပါတယ်။
Angel က Devil ရဲ့ ဒဏ်ရာ ဘယ်လိုရလာတာလဲ မေးတဲ့အခါမှာ Devil က မဖြေ ချင်ခဲ့ပါဘူး။ Devil ရဲ့ ဒဏ်ရာသက်သာပျောက်ကင်းအောင် Angel လေးက ကူညီချင်ပေမယ့် Devil ကတော့ Angel ရဲ့ အကူအညီကို မလိုချင်ခဲ့ပါဘူး။ သူသိထားတာက ဒီဒဏ်ရာက အချိန်တစ်ခု ကြာရင် ပျောက်သွားမှာပဲလို့ပေါ့။
Angel လေးကတော့ သူ့အတွက် ခက်ခဲပေမယ့် ဒီဒဏ်ရာကို သက်သာပျောက်ကင်းစေဖို့ ဆေးတွေ အမျိုးမျိုး ဖော်စပ်နေခဲ့တာပေါ့။Angel လေးက Devil ကို သိပ်မတွေ့ ဖြစ်ဖူးလို့ သတိထားမိတာနဲ့ Devilရဲ့ အခန်းကို အရောက်သွားခဲ့ပါတယ်။
Devil ရဲ့အခန်းက Angel အတွက်တော့ အရမ်းကို ပူပြင်းလွန်းပါတယ်။ ဘယ်လောက်ပူပြင်းလဲဆိုရင် သူတံခါးခေါက်တာတောင် သူ့ရဲ့လက်တွေကို
လောင်ကျွမ်းစေတဲ့အထိပါပဲ။ ဒါပေမယ့် ဒါတွေအားလုံးကို လျစ်လျှုရှုပြီး Angel လေးဟာ Devil လေး အခန်းကို သွားခဲ့တာပါ။သူတွေ့လိုက်ရတာကတော့ ဒဏ်ရာကြောင့် အိပ်ရာပေါ်မှာ သတိလစ်နေတဲ့ Devil ကိုပါပဲ။ သူက Devil ရဲ့ အင်္ကျီကို ချွတ်ပေးပြီး ဒဏ်ရာပေါ်မှာ ဆေးရည်တွေ သုတ်လိမ်း ပေးလိုက်ပါတယ်။
Devil ရုတ်တရက်သတိပြန်လည်လာတဲ့ အချိန်မှာ တစ်စုံတစ်ယောက်က သူ့အခန်းထဲရောက်နေတာကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် အခန်းက မှောင်နေတာကြောင့် ဘယ်သူမှန်း သူသတိမထားလိုက်မိပါဘူး။
သူက ဒီလူကို ကန်ထုတ်လိုက်ပါတယ်။ ကန်လိုက်တဲ့ အရှိန်ကြောင့် Angel လေး လဲပြိုမကျခင် သူ့ရဲ့ နောက်ကျောက တံခါးနဲ့ စောင့်မိသွားပါတယ်။ ဆေးရည်ပုလင်းလဲ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပါတယ်။
Devil တစ်ယောက် အတော် စိတ်မကောင်း ဖြစ်သွားခဲ့တယ်။ သူတမင်မရည်ရွယ်ခဲ့ကြောင်းလဲ Angel ကိုပြောခဲ့တယ်။ Devil ဟာ အိပ်ရာပေါ်က ထလာခဲ့ပြီး Angel ကို လာထူပေးခဲ့ပေမယ့် သူ့ကိုယ်သူတောင် မဟန်နိုင်ပဲ လဲကျခဲ့ပါတယ်။ Angel လေးက Devil လေးထံကို စိုးရိမ်တကြီး ပြေးလာခဲ့ပါတယ်။
ဒီနောက်မှာတော့ သူဒီ ဒဏ်ရာတွေ ဘယ်လိုရခဲ့ကြောင်း Angel လေးကို ပြောပြခဲ့ပါတယ်။ Angel လေးကလဲ သူ့ကို နှစ်သိမ့်ပေးနေရင်းနဲ့ပေါ့။
ဒါပေမယ့် သူတို့ရဲ့ လက်ကောက်ဝတ်တွေမှာ ချည်နှောင်ထားတဲ့ ချိန်ကြိုးက ရုတ်တရက် ပေါ်ထွက်လာပါတယ်။ ဒါကတော့ အချင်းချင်း ဒဏ်ရာ အနာတရဖြစ်အောင် လုပ်မိတဲ့အတွက် ပြစ်ဒဏ်ပေးခံရအနေနဲ့ ချည်နှောင်လိုက်တာပါ။ ဒီကြိုးကတော့ သူတို့ ဒီကမ္ဘာမြေပေါ်မှာ နောက်ဆုံးနေရ မယ့် ရက်အထိ ချည်နှောင်ထားမယ့် ကြိုးပေါ့။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

YOU ARE READING
နှစ်ပေါင်း ၁၀၀၀ ရဲ့ ရက်ပေါင်း ၁၀၀
RomanceThis is just a story retelling related about 100 Days of 1000 Years. This is just a fan translation.