"ရှောင်ယွမ့်!"
ထွက်ပေါက်တခါးကနေပြေးလာတဲ့ရိပေါ်က၀မ်းသာလုံးကိုစို့လို့
သူချစ်ရတဲ့ရှောင်ယွမ်ကတခါမှလာမကြိုခဲ့ဖူးပဲနဲ့
အခုတော့လူအများကြားထဲမှာထင်ထင်ရှားရှားရပ်နေတယ်လေ
သူ့အတွက်..."...ရှောင်ယွမ် မဟုတ်ဘူးပဲ..."
နောက်ဘက်ကအနက်ရောင်ကားအကောင်းစားကိုအနီးရောက်မှမြင်တော့ရိပေါ်မျက်နှာငယ်သွားသည်
ဘောင်းဘီအိတ်ကပ်ထဲလက်ထိုးထည့်ထားတဲ့ရှောင်ကျန့်လဲထိုကောင်လေးနဲ့ထပ်တူစိတ်မကောင်းဖြစ်သွားရပေမဲ့ပါးချိုင့်တွေထွက်ပေါ်လိုက်စေပြီးပြောတယ်
"နောက်ဆိုကားယူလာလို့မဖြစ်တော့ဘူးပဲ..
ရှောင်ယွမ်နဲ့ငါ့ကိုကားတစီးနဲ့ခွဲ(ခြား)တာပေါ့လေ"ရှောင်ယွမ်အမှတ်နဲ့ပြေးလာတဲ့ပုံလေးကိုရှောင်ကျန့်မျက်လုံးထဲကမထွက်
သူမှန်းသိကာမှမျက်နှာမကောင်းဖြစ်သွားပုံကပိုရင်နာရသည်
အရာရာတိုင်းကသူနဲ့ဆိုမထိုက်တန်နိုင်တာလား"ဒါက...ခများကိစ္စပါ...ကျတော်သွားတော့မယ်"
"ဟာ...နေပါဦး"
နောက်တောင်တချက်ပြန်လှည့်မကြည့်တဲ့ရိပေါ်ကိုအမှီလိုက်ကာသူ့နားဘေးချင်းကပ်ပြီးလျှောက်လာလိုက်သည်
ရှောင်ယွမ်ကိုဆက်ဆံပုံနဲ့တော့တခြားစီပါလားဇီယန်ကတော့သူတို့နောက်ကနေအသာလေးတကောက်ကောက်လိုက်နေရလေရဲ့
"ဗိုက်မဆာဘူးလား တခုခုစားရအောင်"
တိတ်ဆိတ်နေသည့်လျှောက်လမ်းမှာစကားစကြည့်ပေမဲ့ရိပေါ်ကစကားပြောရင်ရှောင်ကျန့်ကိုတောင်စေ့စေ့မကြည့်
သူ့နေရာမှာရှောင်ယွမ်သာဆိုရင်တချိန်လုံးငေးကြည့်နေမိမှာသေချာသည်အချစ်ဆိုတာ ချစ်မိထဲကရှုံးသွားပြီပဲ
သူမလိုအပ်ဘူးဆိုရင်တောင်ဖြည့်ဆည်းပေးချင်နေတဲ့စိတ်ကရူးလိုက်တာ"အိမ်မှာစားစရာရှိတယ်"
"အဲ့ဒါတွေနေ့တိုင်းစားရတာငြီးငွေ့တယ်မလား"
ရိပေါ်လက်ကိုခွင့်ပြုချက်မပါပဲဆွဲကာဆိုင်တဆိုင်ထဲ၀င်သွားပစ်လိုက်သည်
ယဥ်ကျေးမှုရှိသည့်ကောင်လေးမို့ရုန့်ရင်းဆန်ခတ်တော့အော်ဟစ်မနေပဲမျက်မှောင်ကြီးကျုံ့ကာလိုက်ရှာပါသည်
YOU ARE READING
Xuăn zé wŏ (Completed)
Short Storyအရွေးမခံရတဲ့ပယ်မဲတခုလိုဘ၀မျိုးနဲ့ရော မင်းကို ချစ်ခွင့်ရနိုင်မလား..... #Shortstory #Zhanyi #Myanmarfanfic #Owncreation #Boyslove #LGBT Author by thurein min khant