Part {5}Uni

1.3K 100 2
                                    

"မနက်ဖြန်လက်ထပ်ပွဲနေ့မှာရှင်းပစ်လိုက်တော့"

ရှောင်ကျန့်စိတ်တွေအရမ်းရှုပ်ထွေးနေသည်
ခက်ခက်ခဲခဲဆုံးဖြတ်ရပြီးဆိုဖာပေါ်မှာခေါင်းလှန်ထိုင်ရင်းကပြတ်သားသည့်လေသံနှင့်ဇီယန်ကိုအမိန့်ပေးတော့ သူက ချက်ချင်း 'ဟုတ်ကဲ့' မလိုက်

အမြဲအထွန့်တက်သည်

"!သူဌေးးး ဒါပေမဲ့..အဲ့လောက်ကြီးမလုပ်သင့်ဘူးလေ.."

"ငါအများကြီးစဥ်းစားပြီးသွားပြီ.."

ကိုယ်တိုင်လဲအရမ်းစိတ်ပင်ပန်းခဲ့ရတဲ့အရာကိုဇီယန်ကတခါအလွယ်တကူလာတားနေတော့ရှောင်ကျန့်ခေါင်းတွေပင်ကိုက်သည်

အမှုကတဆတဆနဲ့အရှိန်မြင့်လာပြီ
ရှောင်ယွမ်ကလက်မလျှော့ပဲရှေ့ဆက်နေတယ်
ဒီနေ့မှမပိတ်သိမ်းဘူးဆိုရင် မနက်ဖြန်မင်္ဂလာပွဲနေ့မှာအဆုံးသတ်လိုက်ဖို့ပဲရှိတယ်

အားလုံးရဲ့ရှေ့မှာတင် ရှောင်ယွမ်ကဘာဖြစ်တည်မှုမှမဟုတ်ဘူးဆိုတာ...ပြောပြမယ်

ဇီယန့်ကိုအနားမှာထားပေမဲ့ရင်းနှီးလွန်းတော့သူဒီလိုပြန်ပြန်ပြောနေတာတွေကတကယ်အနှောင့်အယှက်
ရှောင်ကျန့်ပြောသမျှနာခံဖို့ပိုက်ဆံတွေပေးထားတာပေမဲ့သူကအမြဲစည်းကျော်သည်

"သူဌေးဘယ်လောက်မုန်းမုန်းး သူကသူဌေးရဲ့ အမြွှာညီပါ...
ပြန်စဥ်းစားပါဦးး.."

"ငါ့ကိုဘာမှပြန်မပြောနဲ့!!! မင်းကငါခိုင်းတာလုပ်ရမှာ ကိုယ့်အဆင့်ကိုယ်သိ ဟွမ်းးးဇီယန်!!"

ငြင်းဆန်မရသည့်အမှန်တရားကတယောက်ယောက်နှုတ်ဖျားကထွက်တိုင်းရှောင်ကျန့်ခေါင်းတခုလုံးပေါက်ကွဲသွားသလိုပင်

ညီအကိုတွေမဟုတ်ဘူးလို့ငြင်းပစ်ချင်လဲ
မှန်ထဲကပုံရိပ်ကအမြဲသတိပေးသည်
ထို့ကြောင့်လဲရှောင်ကျန့်မှန်ကိုသိပ်မကြည့်ဖြစ်
စိတ်တခါခါပေါက်ရင် မှန်အကွဲစတွေကသွေးစက်တွေနဲ့အတူနေရာအနှံ့မှာ

(၀ုန်းးးးးး)

ဒေါသထွက်ထွက်နဲ့ရှောင်ကျန့်သူ့ရှေ့ကစားပွဲကိုဆောင့်ကန်ပစ်လိုက်တော့စားပွဲပေါ်ကပစ္စည်းတွေအကုန်ပျံ့ကျဲပျက်စီးကုန်သည်

Xuăn zé wŏ (Completed)Hikayelerin yaşadığı yer. Şimdi keşfedin