Part {6}Zawgyi final

812 22 1
                                    

အမှုဟာကံကောင်းစွာနဲ့ကပ်သီးလေးတင်ပိတ်သိမ်းသွားတယ်

နောက်ဆုံးတခေါက်စွန့်စားကြည့်မယ်
ဒီထက်ပိုပြီးရှုံးစရာမရှိတော့ဘူးဆိုတဲ့စိတ်နဲ့..
ရှေ့နေအစားဟို့ရန်ကိုခပ်ပြင်းပြင်းခြိမ်းခြောက်ပြီးငွေထိုးကျွေးလိုက်တော့လွယ်လွယ်ကူကူပဲ

ဟို့ရန်ကနိုင်ငံခြားကိုထွက်သွားပြီဆိုတော့ဘာမှဆက်လုပ်လို့မရတော့ဘူး

ရှောင်ယွမ်ကတော့ဘယ်သိပ်ကျေနပ်မလဲ
အမှန်တရားဘက်တော်သားမို့သူကဖော်ထုတ်ချင်ပေမဲ့လဲသူ့မှာလဲဖိအားတွေနဲ့
တတ်နိုင်တဲ့ကိစ္စမဟုတ်

ဒီလိုဆိုတော့အဆင်ပြေသွားတာပဲ
ရှောင်ယွမ့်ကိုသိပ်ချစ်လို့မဟုတ်ပေမဲ့လဲ...

"အားယွမ်...သားး မင်းဘယ်လျှောက်သွားနေတာလဲ  ဧည့်သည်တွေကိုနှုတ်ဆက်ဦးလေ"

ရှောင်ကျန့်တယောက်အသက်ပြင်းပြင်းရှူပြီးခန်းမထဲဝင်လာတော့ အ၀င်ဝမှာ သူသိပ်မုန်းတဲ့ အမေက ရှောင်ယွမ်နဲ့မှားခေါ်တယ်

လူကြီးဆန်ဆန်တည်ငြိမ်ပြီး သိပ်အရောင်မထွက်တဲ့မိတ်ကပ်ကိုလိမ်းခြယ်ထားကာကျက်သရေရှိတဲ့ဂါဝန်ရှည်အနီရောင်လေးဝတ်ထားတယ်
ဆံထုံးလေးမှာတော့တန်းလန်းကျနေတဲ့ကျောက်စိမ်းအလှဆံထိုးလေးထိုးထားတယ်

နှစ်ပေါင်းများစွာမကြားခဲ့ရတဲ့အမေ့အသံကပျားရည်လိုချိုနေတယ်
ဒါပေမဲ့ ရည်ရွယ်သူကတော့ရှောင်ကျန့်မဟုတ်ခဲ့ပါဘူး

လူတိုင်းကသူ့ကိုရှောင်ယွမ်နဲ့ပဲမှားနေကြတော့ဘ၀ကအတုအယောင်တခုလိုဖြစ်နေပြီ...
တခါတလေကျ မင်းကိုအားကျမိသားး..

"အဟမ်းး.."

အမေလာကိုင်တဲ့လက်ကောက်ဝတ်ကို ချောင်းဟန့်ကာအမြန်ဖယ်ချပြီးရှောင်ကျန့်ခေါင်းကိုငုံ့ထားလိုက်တယ်
သူ့နှုတ်ခမ်းအောက်ကမှဲ့ကိုမတော်တဆသတိထားမိသွားရင်သူကသားကြီးမှန်းသိသွားလိမ့်မယ်
ရှောင်ယွမ်ကလဲအမေ့ကိုသူ့အကိုနဲ့ပြန်တွေ့ကြောင်းလုံးဝပြောပြမထားခဲ့ဘူး

မပြောပြတာပဲကောင်းပါတယ်
၂ဖက်လုံးအတွက်

"ငါဘာဖြစ်နေတာလဲ.."

Xuăn zé wŏ (Completed)Donde viven las historias. Descúbrelo ahora