"~မသွား~ပါနဲ့~"
အိပ်ခန်းထဲကပြန်ထွက်ဖို့တခါးအဖွင့်မှာပဲကုတင်ပေါ်ကရိပေါ်အိပ်ချင်မူးတူးပုံစံနဲ့ယောင်တယ်
မျက်လုံးတွေကမပွင့်တပွင့်ဖြစ်နေပြီးမျက်တောင်ကိုတချက်ချင်းခပ်ဖြေးဖြေးခတ်တယ်
မူးနေတာမို့သူအိမ်ပြန်ရောက်တာတောင်သိရဲ့လားမသေချာ"ငါရှောင်ယွမ်မဟုတ်ဘူး...၀မ်လေး"
အသက်ပြင်းပြင်းတချက်ရှူရင်းမသက်မသာပြောရသည့်စကားကလိုသည်ထက်ပိုနာကျင်သည်
ကိုယ်မဟုတ်တဲ့တစုံတယောက်ကအနားမှာရှိမနေတောင်မှ သူ့စိတ်ထဲနေရာယူထားတယ်ရိပေါ် တ နေတာက ရှောင်ယွမ်ပဲလေ
ရှောင်ကျန့်ကိုမြင်တိုင်းလဲသူအစစ်အမှန်လို့ဘယ်မှာမြင်ခဲ့လို့လဲ
ရှောင်ယွမ်ရဲ့ကိုယ်ပွားတခုလို့ပဲသတ်မှတ်ခဲ့တာမလားရိပေါ်အနားမှာနေရင်သူ့ကိုယ်သူအရိပ်တခုလိုခံစားလာရတယ်
ရှောင်ယွမ်နဲ့ယှဉ်ရင်သူကဘာမှဟုတ်မနေဘူးပဲဆိုတဲ့စိတ်နဲ့အခါခါလဲပြိုရတယ်လက်လွှတ်လိုက်ဖို့တော့ကြောက်မိတယ်
"~~ရှောင် ကျန့်~"
တခါးလက်ကိုင်ကနေပြန်ဆုတ်လာခဲ့တဲ့လက်ချောင်းတွေကမယုံနိုင်ခြင်းများစွာနဲ့
နားကြားများမှားသလားလို့တွေးမိပေမဲ့လဲ နောက်တကြိမ်ထွက်လာတဲ့
ခပ်သဲ့သဲ့အသံကသက်သေတည်တယ်ဒီနာမည်ကတခြားသူတွေအတွက်ဘာအဓိပ္ပါယ်မှရှိမနေတောင် အခုတော့ ရှောင်ကျန့် ရူးတော့မလိုပျော်တယ်
နာမည်လေးခေါ်ပေးတာအတွက်နဲ့သေမတတ်ပျော်နေတာ ဘယ်လောက်ရူးလိုက်သလဲ"ကျေးဇူးပဲ ၀မ်လေး"
ခွင့်မတောင်းပဲဆုပ်ကိုင်ထားမိတဲ့လက်သွယ်သွယ်ကနူးညံ့နွေးထွေးနေတယ်
ဒီတညလုံးရိပေါ်ရဲ့မျက်နှာကိုမမောနိုင်မပန်းနိုင်ကြည့်ဖို့အတွက်
အောက်မှာစောင့်နေတဲ့ဇီယန်ကိုမြန်မြန်လေးပြန်လွှတ်လိုက်တယ်နောက်ဆုံးတော့ရိပေါ်စိတ်ထဲမှာရှောင်ကျန့်အတွက်နေရာတနေရာရှိလာပြီ
အဲ့နေရာကနေ မင်းနှလုံးသားထဲရောက်ဖို့အထိကြိုးစားမှာပါ..
ESTÁS LEYENDO
Xuăn zé wŏ (Completed)
Historia Cortaအရွေးမခံရတဲ့ပယ်မဲတခုလိုဘ၀မျိုးနဲ့ရော မင်းကို ချစ်ခွင့်ရနိုင်မလား..... #Shortstory #Zhanyi #Myanmarfanfic #Owncreation #Boyslove #LGBT Author by thurein min khant