Unicode Version
ရိပေါ်က တတိယမျိုးဆက်တစ်ဦးရဲ့ နာမည်ကြီး
သခင်လေး။ အဆင့်သတ်မှတ်ချက် အမြင့်ဆုံးမှာ
ရှိတဲ့ ထိပ်တန်း Alpha ဆိုလဲ ဟုတ်တယ်။ အကြည့်
တစ်ချက်နဲ့တင် Omega ပေါင်းများစွာကို
ခွေယိုင်ကျလာသည်အထိ လုပ်ယူနိုင်တယ်။
နည်းနည်း ဟန်မူချင်တာလေးတွေဆို ဟော်မုန်းနံ့
ခပ်ပြင်းပြင်း ထုတ်လိုက်ရုံနဲ့တင် အိုကေပြီ။တစ်ပတ်ကို တစ်ခါဖြစ်စေ ရိပေါ်ဟာ စိတ်ပျက်စရာ
လုပ်ငန်းရှင်ဘဝက ရုန်းထွက်ဖို့ ဘားတစ်ခုမှာ
အမြဲထိုင်လေ့ရှိတယ်။ များသောအားဖြင့်
သောကြာနေ့တွေလို့ ဆိုရမယ်။ ထိုနေ့မှာ ဘားထိုင်
ရခြင်းရဲ့ ရည်ရွယ်ချက်မှာ တစ်ပတ်တာလုံးရဲ့
stress တွေ ဖြေလျော့ဖို့ ပါသလို၊ တစ်ညတာ
အိပ်ယာနွေးစေဖို့ အဖော်အပေါင်းလေးရှာတာလဲ
ပါတယ်။ရိပေါ်က နည်းနည်းတော့ချေးများတယ်။ စံနှုန်းလဲ
မဆိုစလောက်မြင့်တယ်။ အဓိကတော့ ထိပ်တန်း
အလှလေးတွေပဲ သူ့ရင်ခွင်ထဲဝင်ခွင့်ရှိတယ်။
ဂဂျီဂဂျောင်များတာတွေ တစ်ညတာထက်
ပိုချင်တဲ့အရိပ်အယောင်တွေဆို တန်းပြီး
ပယ်စာရင်းထဲဝင်ပဲ။ စကားတွေအများကြီး
သိပ်မပြောဘူး။ အာရုံနောက်လို့။ အိပ်ယာပေါ်
သွေးပူလေ့ကျင့်ခန်း သုံးလေးချီလုပ်မယ်။
ပြီးရင်လစ် ဒါပဲ။ရိပေါ်တို့အထက်မှာ လွှမ်းမိုးချုပ်ကိုင်နိုင်တာ
လူတန်းစားတစ်ရပ်ပဲရှိတယ်။ ဒါမယ့် ထားပါ။
အဲ့ဟာတွေက တိမ်မြုပ်ပျောက်ကွယ်နေတာ
ကြာပြီမို့ နိုင်ငံ့လူဦးရေရဲ့ တစ်သိန်းမှာတောင်
တစ်ယောက်ပါနိုင်ဖို့ မကျိန်းသေဘူး။ ဆိုတော့ကာ
ရိပေါ်တို့လို Alpha တွေကပဲ အရာရာမှာ
ခြယ်လှယ်သိမ်းပိုက်ထားတယ်။"သခင်လေး...ဒီနေ့ရော ပုံမှန်ပဲလား..."
"အင်း...alcohol level မြှင့်ပေး...ဒီတစ်ပတ်
stress တွေအရမ်းများတယ်..."Bartender လေးက သူ့စကားကို နားလည်သလို
ခေါင်းကိုဆတ်ခနဲ ညိတ်ပြလို့ သူလုပ်စရာရှိသည်
တို့ကို သူ့ဟာသူ ဆက်လုပ်နေလေသည်။ ရိပေါ်က
နဖူးကြောတို့ကို ဖိနှိပ်ပြီးမှ ဘေးပတ်လည်ကို
မျက်လုံးကစားလိုက်သည်။
![](https://img.wattpad.com/cover/273238860-288-k422839.jpg)
YOU ARE READING
အလှလေးရဲ့ မဟေသီဖြစ်ခဲ့ရပြီ!!!
Fanfictionဒေါမနန့်အယ်လ်ဖာ ဝမ် : အလှလေး အလှလေး ကျန့်ကျန့် : အွန်း...ကိုယ်ကအလှလေး ဒေါမနန့်အယ်လ်ဖာ ဝမ် : ဒါဆို ငါကရော? အလှလေး ကျန့်ကျန် : မင်းက ကိုယ့်ရဲ့မဟေသီ ဒေါမနန့်အယ်လ်ဖာ ဝမ် : ဒါပေမယ့် ငါက ဒေါမနန့်အယ်လ်ဖာကြီးလေ အလှလေး ကျန့်ကျန့် : ဒေါမနန့်အယ်လ်ဖာ ဖြစ်လဲ မင...