|Final|

11.5K 608 54
                                    

Unicode Version

ရှောင်းကျန့်နှုတ်ခမ်းတွေကို သူ့ဘက်မှနေ
တစ်ဖန်ပြန်ကိုက်ဆွဲလို့ အနမ်းရှည်တစ်ခုကို
ဖန်တီးမယ်ကြံတုန်း အတွေးတစ်ခုဝင်လာသည်မို့
ရိပေါ်က ခဏရပ်လိုက်တော့သည်။

"အစောက...အောက်ထပ်မှာ မားပြောသွားတဲ့
ငယ်ချစ်ဦးဆိုတဲ့ကိစ္စက ဘာလဲ ကျန့်ကျန့်...အဲ့ဒါလဲ
မဟုတ်မှလွဲရော မင်းဖန်တီးထားတဲ့လုပ်ဇာတ်
တစ်ခုပဲလား..."

"ဟမ့်!!! ကိုကိုလေးက မမှတ်မိမှတော့ ကိုယ်ကပဲ
ပြန်အစဖော်ပေးရမပေါ့..."

ထိုသို့ဆိုပြီးနောက် ရှောင်းကျန့်က သူ့ဘောင်းဘီ
အိတ်ကပ်ထဲမှနေ ထုတ်ယူလိုက်ပါသည့် wallet ကို
ဖွင့်လို့ ရိပေါ်လက်ထဲ ပစ္စည်းလေးနှစ်ခုကို
ထိုးထည့်ပေးလာသည်။

အချိန်အတန်ကြာ မပျောက်မပျက်သွားအောင်
resin လောင်းခြင်းခံထားရပါသည့် အတော့်ကို
နွမ်းလျခြောက်ကပ်နေပြီဖြစ်သော ပန်းခြောက်
လက်စွပ်လေးနှင့် ဓာတ်ပုံလေးတစ်ပုံရယ်။

"ဒါ...ဒါတွေက..."

"ဝမ်အိမ်တော်ထဲ ဝင်နိုင်ဖို့ ကိုကိုလေးအမေကို
သက်သေပြခဲ့ရတဲ့ အရာတွေပေါ့...ဒါနဲ့ ဓာတ်ပုံကို
သေချာကြည့်ပါဦး ဝမ်ကိုကိုလေးရဲ့...အဲ့ဒါ
ဘယ်သူတွေလဲလို့..."

ကာလာမပါသော အဖြူအမည်းဓာတ်ပုံလေးတွင်
ကလေးနှစ်ယောက် ပါဝင်လေသည်။ နဖူးထိပ်မှာ
ဆံပင်ယောင်ပေစူးလေးနှင့် တစ်ယောက်ရယ်
မှဲ့နက်လေးဖြင့် တန်ဆာဆင်ခြင်းခံထားရပါသော
နှုတ်ခမ်းပိုင်ရှင်လေးရယ်။

ထိုကလေးနှစ်ယောက်မှာ တစ်ယောက်ကို
တစ်ယောက်ချစ်ခင်စွာ ဖက်ထားလို့ ယောင်ပေစူး
ကောင်လေးရဲ့ ပုခုံးအပေါ် မှဲ့နက်ပိုင်ရှင်လေးက
ခေါင်းလေးစောင်းမှီထားရင်း ကျေကျေနပ်နပ်ကြီး
ပြုံးပြနေလေသည်ပင်။

"အဲ့ဒါ...ထုထုလေး...အဲ့ထုထုလေးက...မဟုတ်မှ...
မင်း...မင်းလား ကျန့်ကျန့်..."

"ကိုယ်ကလွဲလို့ ဘယ်သူဖြစ်နိုင်ဦးမှာလဲ
ဝမ်ကိုကိုလေးရဲ့...မင်းပဲ တစ်နေ့ကျ အရွယ်ရောက်
လာရင် လက်ထပ်ထိမ်းမြားပါ့မယ်ဆိုပြီး ကတိတွေ
အထပ်ထပ်ပေးသွားတဲ့ ထုထုလေးလေ...အခု
ကတိပေးခဲ့သူက မေ့သွားလေတော့ မမေ့နိုင်သေး
ပါတဲ့ ကိုယ်ကပဲ မင်းပေးခဲ့ဖူးတဲ့ လက်ထပ်
လက်စွပ်နဲ့ မင်းရှေ့မှောက် ပြန်ပေါ်လာရတော့တာ
ပေါ့..."

အလှလေးရဲ့ မဟေသီဖြစ်ခဲ့ရပြီ!!!Donde viven las historias. Descúbrelo ahora