|4|

8.5K 592 35
                                    

Unicode Version

"အား!!! ကျွတ်...ကျွတ်..."

ရိပေါ်နိုးလာချိန် တစ်ကိုယ်လုံး ပုရွက်ဆိတ်ပေါင်း
ထောင်သောင်းနဲ့ချီ အကိုက်ခံထားရသလို
ဟိုနေရာက တဆစ်ဆစ်၊ ဒီနေရာက တဆစ်ဆစ်နဲ့
နာကျင်ကိုက်ခဲနေရောပဲ။ အဆိုးဆုံးက
တစ်စုံတစ်ယောက်ခေါင်းနဲ့ တစ်ညလုံး ဖိအိပ်ခံထား
ရပါတဲ့ ရိပေါ်ရဲ့ လက်မောင်းတစ်ဖက်ဖြစ်သည်။

"ဟင်!!! ကျန့်ကျန့်..."

မျက်တောင်ရှည်ကြီးတွေ ကော့ညွတ်ဖျာကျလို့
နူးညံ့ရည်မွန်စွာ အိပ်မောကျနေပါတဲ့ အလှလေးက
အခုတော့ဖြင့် ညတုန်းက မီးကုန်ယမ်းကုန်
သောင်းကျန်ခဲ့တာ သူမဟုတ်သလိုပါပဲ။
အိပ်နေလိုက်တာများ မိုးပေါ်ကနတ်သူငယ်လေး
နတ်သက်ကြွေကျလာတဲ့အတိုင်းကိုပဲ လှရက်
နိုင်လွန်းပါသည်။

နှင်းဆီဖူးလို နှုတ်ခမ်းလေးတွေနဲ့ ညတုန်းက
သူ့ခန္ဓာကိုယ်အနှံ့ ပြေးလွှားသုံးဆောင်ခဲ့တာတွေ၊
တစ်ပွေ့စာ ခါးသိမ်လေးရဲ့လှုပ်အားက
ကြောက်ဖို့ကောင်းအောင် ပြင်းထန်ခဲ့တာတွေ၊
အရိုးအဆစ်ထင်းထင်းနဲ့ လက်ကောက်ဝတ်ကြီးကြီး
ရှိပါတဲ့ လက်တစ်စုံရဲ့ သန်မာမှုအတိုင်းအတာတွေ
ဘာဆိုဘာမှ ထင်ရက်စရာကိုမရှိပေ။

ကြည့်ရတာ ရှောင်းကျန့် မနက်ပိုင်းလောက်တုန်းက
ခဏနိုးလာပြီး ရိပေါ်ကို ဆေးကြောသန့်စင်
သုတ်သင်ပေးထားပုံရသည်။ ရိပေါ်တစ်ကိုယ်လုံး
နုံးချိကိုက်ခဲနေတာကလွဲလို့ စေးကပ်ကပ်ဖြစ်နေတာ
မျိုးတော့ မရှိချေ။

ဒီအတိုင်းဆိုရင် မဖြစ်ချေတာမို့ ရိပေါ် ကုတင်ပေါ်မှ
အလျင်အမြန် ကုန်းရုန်းထလို့ ပြန်ဖို့ပြင်တော့သည်။

"ကျစ်!!! ဒီသောက်ခါး..."

ခါးနှင့်အတူ တစ်ဆက်တည်း နာလာပါသည့်
အောက်ပိုင်းတစ်ခုလုံးကို ရိပေါ် မေ့ချင်ယောင်
ဆောင်ထားလို့မရတော့။ ဒီကပြန်ရင် ဆေးလေး
ဘာလေးသောက်ဦးမှပါပဲ။

ဒါပေမယ့် အမှန်တိုင်းပြောရရင် ရိပေါ် နောင်တ
တစ်စက်မှမရဘူး။ ရိပေါ်အတွက် ဒါက
မတော်တဆဖြစ်သွားတဲ့ အဖြစ်တစ်ခုဆိုရင်တောင်
ကိုယ်တိုင်လိုလိုချင်ချင်နဲ့ လက်ခံခဲ့မိတာဖြစ်လို့
အမှားတစ်ခုလို့လဲ မသတ်မှတ်နိုင်ဘူး။ တစ်ညတာ
အတွက် သူပျော်ခဲ့တယ်၊ သူစိတ်ကျေနပ်ခဲ့တယ်။
ဒါဆို လုံလောက်ပြီ။

အလှလေးရဲ့ မဟေသီဖြစ်ခဲ့ရပြီ!!!Où les histoires vivent. Découvrez maintenant