တီ.....တီ.........
မကိုင်တဲ့ ဖုန်းလေးအား နံရံအားပစ်ပေါက်ရန် ရွယ်မိသော်လည်း ဖုန်းထဲ က သူနဲ့ ပတ်သတ်တဲ့ အမှတ်တရများရှိနေ၍ စိတ်ကို လျော့ကာ ဖုန်းလေးအား မွေ့ယာပေါ် ပစ်ချလိုက်တော့၏။
"အားးးးးးးးးးးးး"
နံရံအား လက်သီးနဲ့ အချက်ပေါင်းများစွာထိုးလိုက်မိ၏။
ဒီဒဏ်ရာဟာ မင်းပေးတဲ့ ဒဏ်ရာလောက်မပြင်းထန်ဘူးးးးးးးးးး
ဒူးထောက်ကာ ငိုမိတာ အချိန်တစ်ခုကြာသည်အထိ
အတွေးထဲ ရုတ်တရက် ဝင်လာတဲ့ စိတ်ကူးကြောင့် အော်ရယ်မိပြန်ပြီ
ချက်ချင်းထကာ Kitchen ထဲက ဓားတစ်လက်ယူကာ အော်ရယ်လိုက်၏။
----------------------
ခြေသံလေးက ထို အခန်းရှေ့ရောက်တော့ ငြိမ်သွား၏
ဒေါက် ဒေါက် ဒေါက်
တံခါးခေါက် သံကြောင့် ထိုတံခါးလေးပွင့်လာ၏
လာဖွင့်သူမှာ ထင်တဲ့အတိုင်းသူမဟုတ်ဘူး
အခြားတစ်ယောက်"ထယ်ယောင်းရော"
အေးအေးပင်မေးတော့ ထိုလူက အံ့သြဟန်နှင့်ကြည့်နေတာပင်
တကယ်ဆို တံခါးလာဖွင့်တဲ့သူကို ထိုးကြိတ်နေရမှာမလား အခုကြ အေးဆေးလွန်းနေတာပဲ
"ရှိ ရှိ တယ် ဗျ "
အခန်းထဲ ဝင်သွားတာနဲ့တစ်ပြိုင်နက် သူ လူကိုမြင်တာနဲ့ ထိတ်လန့်သွား၏။
"ဟင် ဂျီမင်....."
"ထယ်ယောင်းးးးးး"
အေးဆေးစွာနဲ့ သူ့နာမည် ပြန်ခေါ်လိုက်တယ်
"ငါ့ကိုပြောတော့ ဒီရက်ပိုင်း project ကိစ္စရှိနေလို့ မအားတာပါဆို"
"အင်း အယ် အဲ့တာက အခုတိုင်ပင်နေကြ တာ"
"သြော်"
ရင်ဘတ်ထဲကနာကျင်လွန်းတယ်
အခန်းထဲမှာ ၂ယောက်တည်းရှိပြီး စားပွဲပေါ်မှာ အလုပ်နဲ့ပတ်သတ်တာ laptopလေးတစ်လုံးတောင်မတွေ့ရဘူး
Sofaပေါ် ထယ်ယောင်းထိုင်နေတာရိုးရိုးသားသားပဲလား ဘာလို့ အင်္ကျီကြယ်သီးတွေ ပြုတ်နေရတာလဲ
YOU ARE READING
Falling....(complete)
FanfictionI get the feeling that you'll never need me again.....