ဆေးရုံရဲ့ အခန်းတစ်ခန်းထဲမှာ
လူနာ၂ယောက်.......
တစ်ယောက်က မေ့မြောနေဆဲ........
နောက်တစ်ယောက်က.............
မေ့နေတဲ့လူနာ နိုးလာတော့ ဆရာဝန်နဲ့ Nurseရောက် လာ၏။
"ခင်ဗျား ကံကောင်းလို့ပေါ့ဗျာ အသက်ရှူ လမ်းကြောင်း က အသက်ရှူနေသေးလို့ အချိန်မှီ ဆေးရုံရောက်တာကိုပဲ ကျေးဇူးတင်ရမှာ"
ပါးစပ်က ဘာမှပြန်မပြောနိုင်ပေ
နံရံအားငေးကာ မျက်ရည်ဝဲနေမိ၏
ရုတ်တရက် ကောက်ထကာ
"ဂျီမင် ရော "
"စိတ်အေးအေးထားပါ "
"ဟင့် သူ အသက်ရှင်နေတယ်မလား သူ့ကိုတွေ့ခွင့်ပေးပါ"
"သူဟိုဘက်ကုတင်မှာလေ"
ချက်ချင်း ဂျီမင့် ကုတင်ဆီသွားတော့ ခြေထောက်က မနိုင် လဲကျ၏။
"ခင်ဗျားခြေထောက် အရိုးအဲ့နေတာကျွန်တော်ဆေးစည်းပြီးထားတယ် "
Nurseက ကူတွဲပြီး ဂျီမင့် ကုတင်ဆီခေါ်သွားပေး၏
"ဂျီမင် ....ဂျီမင်.....ငါ့ကိုကြည့်ပါအုံး ငါခေါ်တာကြားလား ဟင်"
ဂျီမင့်ပါးလေးနားသူ့ ပါးလေးကပ်ကာ ငိုကြွေးနေမိ၏။
"စိတ်အေးအေးထားပါဗျာ "
"ကျွန်တော့် ကောင်လေး အသက်ရှင်နေသေးတယ်မလား"
"ဆရာမရေ လူနာ အိတ်ထောင်ထဲက ဆေးမသောက်ခင် ရေးထားခဲ့ပုံရတဲ့ စာရွက်လေး သူ့ပေးလိုက်ပါအုံးး""ဟုတ်ကဲ့"
ပေးတဲ့ စာရွက်လိတ်လေးယူကာ ဖတ်ရင်းမျက်ရည်ကျရ၏။
အခန်းထဲမှာ ဘယ်မှမသွား ဘာမှ မစား နေနေတာ ၆ရက်မြှောက် လူက မလှုပ်နိုင်တော့ဘူး
ဖုန်းထဲက messageလေးတွေပြန်ကြည့်ပြီး တစ်ယောက်တည်း ငိုမိ၏။
"ငါပြန်လာရင် အရင်လိုဘဲ မင်း လုပ်အုံးမှာဘဲ"
"ဟင့် သတိရနေပြီ မင်းဘေးငါ နေချင်တယ် ထယ်ယောင်း"
"ငါ့နှလုံးသားကိုမုန်းလိုက်တာ"
YOU ARE READING
Falling....(complete)
FanfictionI get the feeling that you'll never need me again.....