ထယ်ယောင်းရဲ့ အခန်းအားသန့်ရှင်းရေးလုပ်ပေးရင်း ပုံလေးတစ်ပုံတွေ့တော့အံ့သြရ၏။
ဒါက ငယ်ငယ်က နှစ်ယောက်သား အိမ်က ခိုးထွက်တုန်းကမလားးး
ကိုယ့်ဘက်ကစပြီး ချစ်ရေးဆိုခဲ့ ကိုယ့် ဘက်ကနေပဲ ဂရုစိုက်ချစ်ပြနေတော့ တစ်ခါတစ်ခါ သံသယဝင်မိတယ်
ငါ့ကို ထယ်ယောင်း အားနာလို့ သူငယ်ချင်း အချင်းချင်း စိမ်းကားသွားမှာကြောက်လို့အဖြေပေးခဲ့တယ် တွဲခဲ့တယ်ထင်တာ
အခုတော့ ဟိုး၁၀နှစ်အရွယ်ကတည်းက ပုံလေးကို တယုတယဘောင်နဲ့ စနစ်တကျ အခန်းထဲမှာချိတ်ထားတော့ ကျေနပ်မိတာပင်
"အင့်"
အနောက်ကနေ ခါးအားသိုင်းဖက်လိုက်တဲ့လက်တစ်စုံ
"ထယ်ယောင်း"
"အင်း"
"လွှတ်ကွာ ငါမင်းအခန်းသန့်ရှင်းရေးလုပ်နေတယ်"
"ခဏပဲ "
"omm"
"ဂျီမင်...."
"အင်း"
"ငါ့ဘက်လှည့်ပါအုံး"
သူ့ဘက်လှည့်တော့ ရီဝေဝေမျက်ဝန်းများနဲ့ကြည့်တော့တာပဲ
"ချစ်လား"
"အင်း ချစ်လိုပဲ ငါအရင် စပြောခဲ့တာပဲလေ ဘာဖြစ်လာပြန်တာလဲ"
"လိုချင်တယ်...."
နားနားကပ်ကာ သြရှရှနဲ့တောင်းဆိုမှုကြောင့် လူက တုန်ရီမိနေတာပင်
"ဟင်"
"ပေးမလား "
သေချာကြည့်မိတော့ ထယ်ယောင်း မူးမနေပါဘူး
ခါတိုင်းလည်း ထယ်ယောင်းအိမ်ကို လာနေကြပဲ သူနဲ့က ချစ်သူလို့သာပြောတယ် ဖက်တာ နမ်းတာကလွဲ ဘောင်မကျော်ခဲ့ပေ
ချစ်တဲ့သူကိုပုံအောချင်တာ အပြစ်လားးးးး
"အင်း"
သဘောကျစွာသူရယ်တော့ ဂျီမင် ရှက်၍ ခေါင်းသာငုံ့ထားလိုက်သည်
ရုတ်တရက် လူကိုပွေ့ချီကာ အိပ်ယာပေါ်သို့
ထိုနေ့က အချစ်တွေသာယာခဲ့တယ်သိလား
YOU ARE READING
Falling....(complete)
FanfictionI get the feeling that you'll never need me again.....