ဒီရက်ပိုင်း နေရတာအဆင်မပြေပေ
သိရက်နဲ့ ဟန်ဆောင်နေရတာ ဘယ်လောက် ပင်ပန်းလဲ သူမသိပါဘူး
အလုပ်ချိန်က ၃နာရီဆိုပြီးတာမလား အခုဆို အမြဲ ၇နာရီလောက်မှပြန်လာတယ်.......
"ဂျီမင် ဒီရက်ပိုင်း တအားပိန်သွားတယ်"တဲ့အဲ့လိုတော့ မေးရှာသား
လက်လေးသည် စန္ဒယားထက်ပြေးလွှားရင်း စိတ်အပန်းဖြေလိုက်တော့တယ်
အပြင်မှာ မိုးတွေသည်းနေတယ်.........
ရင်ထဲမှာလည်း မိုးရွာနေတယ်.........
မျက်လုံးထဲမှာလည်း မျက်ရည်စများနဲ့.......
"ဂျီမင်"
ချက်ချင်း ရွေ့လျားနေတဲ့လက်လေးရပ်တန့်လိုက်တယ်
"ထယ်ယောင်း "
"ကိုယ်ပြန်ရောက်ပြီ"
"သြော် အင်း "
အိပ်ခန်းထဲတန်းဝင်သွားတော့နောက်ကနေလိုက်ရ၏။
"သူချွတ်ထားခဲ့တဲ့အဝတ်ခြင်းထဲက အင်္ကျီလေးကိုကောက်ယူမိတော့
ဒီရက်ပိုင်းရနေကြရေမွှေးနံ့
သူရေချိုးခန်းထဲကပြန်ထွက်လာလာချင်း ဂျီမင့်အား ခါးကနေ သိုင်းဖက်၏။
"လွှတ်အုံး ငါ မအားဘူးထယ် "
"ဟင် ဘာလုပ်စရာရှိလို့လဲ"
"ငါ မနက်ဖန် ငါ့အိမ်ငါပြန်တော့မယ်"
"ဘာ"
ချက်ချင်းဖက်ထားတာလွှတ်ကာ သူ့ဘက်ဆွဲလှည့်၏။
"ဟုတ်တယ် ငါပြန်တော့မယ် ငါဒီမှာမပျော်ဘူး "
"မင်းချစ်တဲ့သူနဲ့ အတူနေတာတောင် မပျော်ဘူးပေါ့ ဟုတ်လား ဘာလဲ မင်းက ငါ့ကိုရိုးသွားတာလား"
"ဘယ်လို ငါကမင်းကိုရိုးတယ် ဟုတ်လား"
"ဟုတ်တယ်လေ ဘာကိစ္စပြန်မှာလဲ"
"မပျော်လို့ပါဆို"
"မရဘူးနော် မင်းငါ့အနားမှာဘဲနေရမယ် မှတ်ထားဂျီမင် ငါ့ဘဝမှာ မင်းမရှိရင်မဖြစ်ဘူး ငါမင်းတစ်ယောက်တည်းကိုချစ်တာ"
YOU ARE READING
Falling....(complete)
FanfictionI get the feeling that you'll never need me again.....