"သား သတိရလာတာ သိပ်မှမကြာသေးတာ ဘယ်မှသွားခွင့်မပြုဘူး"
"မင်းလည်း မိခင် တစ်ယောက်ဘဲ ထယ်ယောင်းနေရာမှာ ဂျီမင်ဆိုရင်ရော"
"အို သူ့ကြောင့် သားက သေလုမျောပါးဖြစ်ခဲ့ပြီးပြီဘဲ သူ့ထိုက်နဲ့ သူကံ"
"ဘာဘဲ ဖြစ်ဖြစ် ထယ်ယောင်းက ဂျီမင့်ချစ်သူ တစ်နည်းအားဖြင့်ပြောရရင် သူ့အမျိုးသားဘဲ သူတို့ပတ်သတ်မှုကို ကိုယ်တို့သိနေတာဘဲ ခွင့်လွှတ်လိုက်ပါကွာ"
"မရဘူး "
"မင်းသားကရောအခုကြ အဆင်ပြေနေလို့လား ထယ်ယောင်းအကြောင်းစုံစမ်းလိုက် ကြိတ်ငိုလိုက်နဲ့ ကလေးတွေကို ခွင့်လွှတ်ပါ"
မေမေ့ အခြေအနေတင်းမာနေတာ ဂျီမင် ပြန်သတိရကတည်းက သိနေပြီးသား
ဖြစ်နိုင်ရင် အခုငါမင်းဆီပြေးလာချင်ပြီထယ်.....
အခန်းထဲကနေ မိဘ၂ယောက် စကားပြောနေတာကို မသိအောင်နားထောင်ပြီး ကြိတ်ငိုနေရတာလည်း ခဏခဏ
ဖုန်းလေးထဲ က noti တက်လာတော့ ချက်ချင်းကြည့်မိ၏။
Gmailကနေ ထယ်ယောင်း ပုံကို ပို့ထားပေးတာပင်
ပိန်သွားလိုက်တာ အရင်လို ကြော့မော့ပြီး smartမကျတော့ပေ
သို့ပေမယ့် ကိုယ့်မျက်လုံးထဲမှာ ထယ်ယောင်းက ချောမြဲ ချစ်စရာကောင်းမြဲ
ဓာတ်ပုံထဲမှာ ထယ်ယောင်း တစ်ယောက် ငေးငိုင်နေတာ
"ငါ တောင်း ပန်ပါတယ်"
"ဟင့် ငါမင်း အချစ်ကို ငါ တန်ဖိုးထားခဲ့သင့်တယ်"
"တကယ်ကလေ မင်းဘယ်သူတွေနဲ့ တွဲတွဲ ငါသိခဲ့ရမှာ မင်းချစ်တာငါ ဆိုတာ "
"ဘာပဲဖြစ်ဖြစ် မင်းနဲ့တွေ့ရင်ငါ့ ဘက်ကဘဲ အရင်တောင်းပန်ပါ့မယ် ငါက ဘဲ အမြဲ နားလည်ပါတယ်....."
"သေချာသွားပြီထယ် ငါမင်းဆီမရောက်ရောက်အောင်လာခဲ့မယ်...."
............
"ကျေးဇူးပါဒယ်ဒီ"
"မလိုပါဘူး ကွာ သား ဟိုရောက်ရင် ဒယ်ဒီ့ကိုဆက်သွယ် ထယ်ယောင်း နေကောင်း လာအောင် မင်းမှာ တာဝန်ရှိတယ်"
![](https://img.wattpad.com/cover/294133952-288-k986129.jpg)
YOU ARE READING
Falling....(complete)
FanfictionI get the feeling that you'll never need me again.....