Part (5) Uni/Zawgyi

3.9K 145 23
                                    

Your Choice
မင်းရဲ့ရွေးချယ်မှု
အပိုင်း(5)

"နောက်တစ်ခွက်လောက်သောက်နိုင်သေးလား!"

ဂရေ့(စ်)သူမကိုယ်သူမခန္ဓာကိုယ်လေးပြန်မတ်လိုက်ပြီး သူ့ကိုမေးထောက်ပြီးပြုံးကြည့်နေတဲ့ အဲရစ်(ခ်)ဆီကနေ မျက်လုံးလွှဲလိုက်၍ စားပွဲပေါ်က ကော့တေးနောက်တစ်ခွက်ကောက်မော့လိုက်သည်။

ခွက်ကို စားပွဲပေါ်သို့ ပြန်ချပြီး ခေါင်းထဲမှာလည်း ရီဝေဝေချာချာလည်နေသယောင် ။
ဂရေ့(စ်) မဖွင့်နိုင်တဲ့မျက်လုံးမှေးမှေးတွေအတင်းဖွင့်နေပေမဲ့လူက သိပ်မဟန်တော့ပါ။

ခေါင်းကစားပွဲပေါ်သို့ငိုက်ကျမှာကို သူမကိုယ်သူမ ထိန်းထားသည်အထိ အဲရစ်(ခ်)သူမကို ပွဲကြည့်သလိုပဲထိုင်ကြည့်နေသည်။

နောက်ဆုံးတော့လည်း ဂရေ့(စ်)ခေါင်းစိုက်ကျလာသဖြင့် စားပွဲနှင့်နှဖူးမစောင့်မိအောင် အဲရစ်(ခ်)လက်နှင့်ခံထားလိုက်သည်။ သူ့လက်ဖဝါးခပ်ကြီးကြီးပေါ်မှာသူမမျက်နှာဟာဘယ်လိုပုံစံ မည်သည့်နှယ်ကျသွားသည် သူမ မသိတော့ပါ။

"မင်းက ထင်ထားတာထက်ပျော့တာပဲ ၃ခွက်ဆို ၃ခွက်ပဲရတာလား ငါက မူးရင် စကားလေးဘာလေးပြော clubမှာ နည်းနည်းပါးပါးလှုပ်လို့ရမယ်ထင်ထားတာ တကယ်အိပ်ဖို့အရက်တိုက်မိတာပါလား "

အဲရစ်(ခ်) လက်ခံထားရာကနေ သူမမျက်နှာကိုပြန်ထောင်လိုက်ပေမဲ့ သူမဟာ တကယ်လုံးဝမထောင်နိုင်တော့ပါ။

"ဟေး !"

အဲရစ်(ခ်) သူမလက်မောင်းကိုဆွဲလိုက်တော့ လူကပါ သူ့ဆီသို့ မှီကျလာသည်။

"အဲရစ်(ခ်)"

"ဟင်!"

အဲရစ်(ခ်) သူ့ရင်ခွင်ထဲကြိုးပျက်သလိုကျရောက်လာတဲ့ ဂရေ့(စ်)ကိုထိန်းပေးထားစဉ်
သူ့နာမည်ခေါ်ရင်း ဘေးနားရောက်လာတဲ့ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်လှလှလေးကို ကိုယ်ကြပ်အင်္ကျီနဲ့ဖော်ပြထားတဲ့ မိန်းကလေးတစ်ယောက် မျက်နှာတစ်ဝက်ကို အမဲရောင်အဝတ်စနှင့်လည်းစည်းထားသေးသည်။ အဲရစ်(ခ်) ထိုမိန်းကလေးရဲ့မျက်လုံးကိုအကဲခေတ်ရင်း

"အယ်(လ်)?"

သူမက အုပ်ထားတဲ့ မျက်နှာကို အသာလေးဖယ်ပြလိုက်လျှင် သေချာတာပေါ့ မော်ဒယ် အယ်(လ်) ကာဒီ ဖြစ်သည်။

Your Choice (OC)Where stories live. Discover now