Part (7) Uni/Zawgyi

3.3K 138 17
                                    

Your Choice
မင်းရဲ့ရွေးချယ်မှု
အပိုင်း(7)

အိမ်ခြံဝင်းရှေ့မှာ ကား ဘရိတ်ကိုစောင့်နင်းပစ်လိုက်တော့ ဘေးက လိုက်ရတဲ့ အဲရစ်(ခ်)ဟာ ထိုင်နေရင်းကနေ ခေါင်းငိုက်စိုက်ထိုးနေရသည်။

"ကဲ ရောက်ပြီ အိမ်ထဲထိတော့ လိုက်မပို့ပေးနိုင်ဘူး!"

ဂရေ့(စ်)ကားထဲကနေထွက်ဖို့ တံခါးကိုလက်လှမ်းလိုက်သည်အား အဲရစ်(ခ်)က သူမကို ပြန်ဆွဲသည်။ ဂရေ့(စ်) အဲရစ်(ခ်)ဆွဲထားတာထက် အိတ်ထဲက မြည်နေသော ဖုန်းကိုပဲအာရုံရောက်နေသည်။

ထင်တဲ့အတိုင်းကိုး(လ်)ခေါ်နေတာပဲ။

အဲရစ်(ခ်)ကို အမြင်ကပ်စွာ မျက်စောင်းလှည့်ထိုးပြီး

"ဟယ်လို "

"ဘယ်ရောက်သွားတာလဲ ငါကျောင်းရှေ့မှာ"

"ငါဖုန်းဆက်မလို့ပဲကိုး(လ်)ရယ် ငါကအိမ်ရောက်နေပြီ နင့်အစ်ကိုက ......"

ဂရေ့(စ်) အဲရစ်(ခ်) မျက်လုံးထောင့်ကပ်၍ ဂျိုကြည့်ကြည့်ကာ

"ကားမမောင်းနိုင်ဘူးဆိုလို့ ငါမောင်းပေးလိုက်ရတယ်"

"ဟင်  ဘာဖြစ်လို့တဲ့လဲ"

"နင်အိမ်ပြန်ရောက်မှမေးကြည့်ပေါ့"

ဂရေ့(စ်)ဖုန်းချပြီး ကားထဲကနေထွက်မှာကို အဲရစ်(ခ်)က

"နေဦး ငါမင်းကိုစကားအကောင်းပြောမလို့ "

"ဘာလဲ ကျွန်မကို ဘာဒုက္ခပေးဦးမလို့လဲ "

"အရေးကြီးတယ် ဂရေ့(စ်) အခု မင်းလည်း ငါဘာလဲဆိုတာကောင်းကောင်းသိပြီ အဲ့ဒီတော့ အခုကစပြီး မင်းနဲ့ငါကြားမှာ ဘာမှလျှို့ဝှက်မထားဘဲ အားလုံးပြောပြရမယ်"

အဲရစ်(ခ်)သည် ဂရေ့(စ်)အိတ်ထဲက ဖန်ဘူးလေးကို တစ်ချက်ကြည့်ရင်း

"မင်း ဒီဆာရာပန်းကို ဘယ်ကရတာလဲ ပြီးတော့ ဒီပန်းက ဗန်ပိုင်းယားတွေကို ဒုက္ခပေးတယ်ဆိုတာရော ဘယ်လိုသိတာလဲ"

ဂရေ့(စ်) မျက်နှာကြောလျော့သွားပြီး ဖေဖေ့ဆီကရတာ ဖေဖေကသွေးစုပ်ဖုတ်ကောင်တွေနဲ့ပတ်သတ်ပြီးလေ့လာနေတာလို့ အဲရစ်(ခ်)ကိုပြောပြဖို့ မယုံရဲ ။ ဖေဖေကတောင် ဂရေ့(စ်)သိနေတယ်ဆိုတာ သိသေးတာမဟုတ်ဘူး။

Your Choice (OC)Where stories live. Discover now