Part (13) Uni/Zawgyi

3.2K 144 36
                                    

Your Choice
မင်းရဲ့ရွေးချယ်မှု
အပိုင်း (13)

ကိုး(လ်) ဂရေ့(စ်) ရဲ့ပုခုံးကိုဖက်ထားရင်း သူ၏အိပ်ခန်းထဲသို့ဝင်လာခဲ့သည်။ ကိုး(လ်)ရဲ့မွေ့ယာကြီးပေါ်မှာနှစ်ယောက်အတူထိုင်လိုက်ကြရင်း ကိုး(လ်)ဟာ ဂရေ့(စ်)ရဲ့ လက်ကလေးများကိုမွေ့ယာပေါ်မှာဖိကိုင်ထားလျှက် သူ့ကိုပြုံးကြည့်နေသောသူမနှုတ်ခမ်းများကို သူ့နှုတ်ခမ်းတစ်စုံဖြင့်ဖိကပ်နမ်းလိုက်သည်။ ဂရေ့(စ်)က မျက်လုံးများမှိတ်ထားပြီး ကိုး(လ်)ရဲ့ နူးညံ့လှပသောအနမ်းများကို ဖြေး​ဖြေးချင်းတုန့်ပြန်နေမိသည်။

ကိုး(လ်)သည်ကျန်သောလက်တစ်ဖက်ဖြင့် ဂရေ့(စ်)ပါးကလေးကိုဖွဖွလေးပွတ်ကိုင်လိုက်သည့်အခါ ဂရေ့(စ်)က ကိုး(လ်)ရဲ့လက်ကိုအသာလေးကိုင်၍ နှုတ်ခမ်းချင်းခွာလိုက်သည်။
ဂရေ့(စ်) ကိုး(လ်)ကြောင့်စိုနေသောနှုတ်ခမ်းကလေးကို တစ်ချက်ဖိကိုက်ပြီးနောက်

"ငါမေးစရာရှိသေးတယ် ကိုး(လ်)"

ဂရေ့(စ်)က ကိုး(လ်)ရဲ့လက်နှစ်ဖက်လုံးကိုဆုပ်ကိုင်လိုက်ကာ သူမရဲ့မေးခွန်းကိုမျှော်နေသော သူ့ကိုမေးလိုက်သည်။

"နင် အန်ကယ်နဲ့အဆင်ပြေခဲ့ရဲ့လား ငါသိချင်တယ်ကိုး(လ်) ငါ့ကိုအမှန်အတိုင်းဖြေနော် နင်ဘာတွေဖြစ်ခဲ့လဲ အန်ကယ်ကနင့်ကိုဘာပြောလိုက်လဲ"

ထိုအခါက ကိုး(လ်)က မျက်နှာကလေးတစ်ချက်မှိုင်သွားသည်။ ဂရေ့(စ်) ဆုပ်ကိုင်ထားသောသူ့လက်တွေကို လွှတ်စေလိုက်ပြီး ဂရေ့(စ်)နှင့်မျက်နှာလွှဲသွားသည်။

"ငါ အဲရစ်(ခ်)အပေါ်မှာအပြစ်ရှိနေသလိုခံစားရတယ်"

ဂရေ့(စ်)သိသလောက်ဆိုရင် မိသားစုအကြောင်းဘာမှမသိပဲ ပယ်ထားသလိုခံစားနေရမယ့် ကိုး(လ်)ကသာ သနားစရာကောင်းပြီး အားလုံးကသာကိုး(လ်)အပေါ်မှာ အပြစ်လုပ်ထားသလိုခံစားရမှာဖြစ်သည်။

ပြီးတော့ ကိုယ့်ရည်းစားတစ်ယောက်လုံးကို လိုက်ကပ်နေတဲ့အစ်ကို့အပေါ် သူ့ကိုယ်သူအပြစ်ရှိတယ်ပြောလာသောကိုး(လ်)ကြောင့် ဂရေ့(စ်) တကယ်ပဲကိုး(လ်)ဟာ အဲ့သလောက်ရိုးသားသလား တုံးအသလားလို့မစဥ်းစားတတ်တော့ပါ။

Your Choice (OC)Where stories live. Discover now