Part (1) Uni/Zawgyi

11.9K 250 16
                                    

Your Choice
မင်းရွေးချယ်မှု
အပိုင်း(1)

"အ....အား...!"
ဒုန်း...!!

အော်သံတွေကျယ်လှောင်စွာကြားနေရသော အခန်းငယ်လေးကို သော့ပိတ်လိုက်တဲ့ သက်လတ်ပိုင်းအမျိုးသားတစ်ဦးက

"ဟီး အဟင့် ဟင့် ဟင့် "

ရင်တဖိဖိနင့် ရှိုက်ကြီးတငင်ငိုနေသော အမျိုးသမီးကို ရင်ခွင်မှာပွေ့ပိုက်ရင်း နှစ်သိမ့်နေသည်။

"အား....မား အီး... ဒက်....ဒုန်း ဒုန်း...!"

ထိုအခန်းငယ်ထဲကနေ အော်ဟစ်နေသံများ ကျယ်သည်ထက်ကျယ်လာသည်အားကြားလျှင်ကြားချင်း

"မိန်းမ လာပါ သွားရအောင် "

ထိုလူက သူ့အမျိုးသမီးကို ဒီနေရာကနေ ထွက်သွားရန် တိုက်တွန်းသည်။

"ဟင့်အင်း မသွားနိုင်ဘူး မနက်ဖြန် ဟင့် မနက်ရောက်ရင် အားလုံးပုံမှန်ပြန်ဖြစ်သွားမှာပါ မသွားပါရစေနဲ့ ဟင့် ဟင့် "

အခန်းငယ်ထဲတွင် ဘာတွေဘယ်လိုဖြစ်နေသလဲဆိုတာ မမြင်ရပေမဲ့ လုံးဝအခြေအနေမကောင်းတာကို ထိုဇနီးမောင်းနှံသိကြသည်။

"အား....မား...အီး...သား...သားကြောက်တယ် "

သံတံခါးကြီးတွင် ရုတ်တရက် လက်ဝါးရာကြီးချိုင့်ခွက် ထွက်လာသဖြင့် ထိုလူဟာ

"မိန်းမ မြန်မြန် လာပါ ကိုယ်ကတိပေးပါတယ် မနက်ရောက်ရင် သားကို အတူတူပြန်လာခေါ်ကြမယ် လာပါကွာ "

သူ့အမျိုးသမီးကို ပွေ့မချီရုံတမည် ဆွဲခေါ်သွားလေသည်။

"ဟင့် ဟီး... သား....မာမီ...ပြန်လာခေါ်မယ်နော် ဒီတစ်ညလောက် တောင့်ခံထားပါ မာမီ...ပြန်လာခေါ်မှာ ...!"

"အား....ဂါး.....ဂီး...."

အခန်းထောင့်ကသံတိုင်တွေနဲ့ပိတ်ထားသောပြတင်းပေါက်မှတဆင့် ထိုသံတိုင်လုံးတွေကို သွေးစွန်းနေသောလက်သေးသေးလေးတွေနဲ့ ဆုတ်ကိုင်လိုက်ပြီး နောက်သို့ ထပ်ခါ ထပ်ခါလှည့်ကြည့်ရင်းဒက်ဒီ့ နောက်သို့ယက်ကန် ယက်ကန်ပါသွားသည့် မာမီ့အား မျက်စိတဆုံးလှမ်းကြည့်၍ မီးလိုနီရဲနေသည့်မျက်ဝန်းတွေကနေ မျက်ရည်တို့လျှံကျလာလေသည်။

Your Choice (OC)Donde viven las historias. Descúbrelo ahora