Deux

1.4K 191 7
                                    


"ယွန်း...ဘာလုပ်နေတာလည်း။ခဏနေသွားရတော့မှာကို"

အိပ်ခန်းထဲတစ်ခုခုရှာနေပုံရတဲ့ Jake ကိုတံခါးဝကိုမှီရင်းမေးတော့ သူ့ကိုလှည့်ကြည့်ပြီးမှ

"မူရာ ငါ့လက်စွပ်တွေ့မိသေးလား။ရေချိုးခန်းဝင်တုန်းကချွတ်ပြီးဘယ်နားထားခဲ့မိလည်းမသိဘူး"

"ကိုယ်တို့စေ့စပ်လက်စွပ်လား ယွန်း"

"အင်း..."

ရှာမတွေ့လို့မျက်နှာပျက်စပြုလာတဲ့ Jake ကိုသူမကြည့်ရက်တော့ပဲ အနားလျှောက်သွားကာ

"မတွေ့ရင်မရှာနဲ့တော့။နောက်မှကိုယ်အသစ်တစ်ခုလုပ်ပေးမယ်"

"မတူဘူးလေ မူရာ...ဒါကရိုးရိုးလက်စွပ်မဟုတ်တာ မင်းသိရက်နဲ့"

မူရာ့မေမေကိုယ်တိုင်ပေးထားတဲ့လက်စွပ်မလို့ ထိုသူလေးကပိုစိတ်မကောင်းဖြစ်နေသည်ထင်။ပြိုတော့မယ့်မိုးလိုမျက်နှာလေးကြောင့် နီခီအနောက်ကပွေ့ဖက်တော့ ရင်ခွင်ထဲအံဝင်ခွင်ကျဖြစ်သွားတဲ့ Jake ကိုယ်လေး။

"အရေးမကြီးဘူး ဟန်နီရယ်...လက်စွပ်ကအခုမဟုတ်ရင်တောင် တစ်ချိန်ချိန်ကျရင်ပျက်စီးသွားမှာပဲ...အဓိကကကိုယ့်အချစ်တွေက မင်းအပေါ်မပျက်စီးဘူးဆိုတာရော၊မင်းဆီမှာ ကိုယ်ရှိတယ်ဆိုတာရောသိထားရင်ရပြီလေ"

"မူရာ...."

"ရှူး...တော်တော့...ပြန်လာမှကိုယ်ဆက်ရှာပေးမယ်။မတွေ့လည်းဘာဖြစ်လည်း ကမ္ဘာပေါ်ကဟန်နီကြိုက်တဲ့လက်စွပ်လက်ညိုးသာထိုးလိုက်...ကိုယ်အကုန်ဝယ်ပေးမှာပေါ့"

"ဒါပေမယ့် မင်းရဲ့လက်စွပ်ကိုရော..."

"ဟန်နီ့အတွက်ဆို ပျောက်သွားတဲ့တစ်ခုနဲ့ကိုယ့်ဆီမှာရှိတဲ့တစ်ခုကို လွှင့်ပစ်လိုက်လည်းရတယ်။မင်းနဲ့ဆင်တူကိုယ်ဝတ်မှာပေါ့..."

ထိုသို့ထိုသို့ စကားတတ်လွန်းတဲ့ နီခီ့ရွှေရောင်ဆံစတို့ကိုအနောက်လှည့်ကာသေချာသပ်တင်ပေးရင်း

"သိပ်အပြောကောင်းတဲ့ မူရာရယ်..မေမေဆူရင်တော့ မင်းခံလိုက်နော်"

"ဟက်...အလကားတော့မရဘူး ဟန်နီ"

လူကြီးလေးက အလိုက်သိစွာဖတ်ခနဲနမ်းသွားတော့ သူရင်ဖိုရပြန်သည်။ ရှင်းမ်ဂျယ်ယွန်းရဲ့ နှုတ်ခမ်းသားတို့ကသူသဘောကျရဆုံးအစိတ်အပိုင်းတစ်ခု....။မျက်စောင်းလှလှလေးတစ်ချက်နဲ့ ရင်ခွင်ထဲတိုးဝင်သွားတဲ့သူလေးက ကျွန်တော့်ရဲ့galaxy လေးတစ်ခုပေါ့...

ABIDING LOVE : 밀당즈 ✓Where stories live. Discover now