Trois

1.3K 176 21
                                    


Knock Knock ....

"ဆောင်းဟွန်း ကိုယ်ဝင်လာမယ်နော်"

ဆေးရုံက သူရှိတဲ့အခန်းကို တံခါးခေါက်သံပြုကာ ဆိုလာသော Jay ကို ဆောင်းဟွန်းပြုံးပြပြီး

"ဝင်လာလေ Jay...ဘယ်ကဘယ်လိုရောက်လာတာလည်း"

ဆောင်းဟွန်းဘေးမှာရှိတဲ့ Liam မှာ Jay ကိုမမှိတ်မသုန်ကြည့်ရင်း တစ်ခု"ကိုသတိရသွားဟန်ဖြင့် အသင့်အနေအထားဖြစ်သွားသည်။

"ကိုယ်လမ်းကြုံလို့ဝင်လာတာ...Jake ကမင်းဒီဖက်မှာရှိတယ်ပြောလို့။"

"ပြန်တော့မှာမလို့ လာနှုတ်ဆက်တာများလား"

"အဟား...မဟုတ်ပါဘူးကွာ။ကိုယ်မင်းနဲ့နေ့လည်စာစားချင်လို့ မစားရသေးရင် ကိုယ်နဲ့အတူလိုက်ခဲ့မလား"

"အော...ဒါဆိုခဏစောင့်အုန်း Jay...ဒီတစ်ခုစစ်ပြီးရင် လာခဲ့မယ်"

တုန့်ဆိုင်းခြင်းမရှိ လက်ခံတဲ့ဆောင်းဟွန်းကို Jay ငေးမောမိနေပေမယ့် ဘေးရှိ Liam မှာ မျက်မှောင်ကြုံ့သွားပြီး

"ဟျောင်း အစာမာတွေစားလို့မရတာသိတယ်မလား"

ကြားဖြတ်ပြောသော Liam ကို Jay နားမလည်နိုင်စွာလှည့်ကြည့်လိုက်သည်။

"Liam..ဘယ်လိုဖြစ်နေတာလည်း။ Jay ကိုအားနာစရာ"

မျက်မှောင်ကြုံ့ကာဆူသလိုပြောတဲ့ ဆောင်းဟွန်းကို ထိုကောင်လေးကမသိချင်ယောင်ဆောင်နေတော့သည်။ Liam ပြောတဲ့စကားကြောင့် သူ့ခုံဘေးရောက်လာသော Jay က

"ဆောင်းဟွန်း..မင်းနေမကောင်းဖြစ်ပြန်တာလား။ဒီတစ်ခါရော ဘာဖြစ်ရတာလည်း"

"ဟင့်အင်း ငါဘာမှမဖြစ်ပါဘူး"

"လိမ်ပြန်ပြီ...မနေ့က အစာအိမ်ပြန်ရောင်ပြီး လူးလိမ့်ခံနေရတာ ဟျောင်းမဟုတ်လို့ ဘယ်သူလည်း"

"Liam !"

ပြောလေကဲလေ ထိုကောင်လေးကိုပြန်ဟောက်ယုံရှိသေး Jay ကသူ့ကိုကြည့်ပြီး သက်ပြင်းချလာတော့ ဆောင်းဟွန်းအားနာသွားရသည်။

"ဆောင်းဟွန်း မင်းကိုမင်းဂရုမစိုက်ရလောက်အောင် မင်းခန္ဓာကိုယ်ကို စက်ရုပ်များထင်နေတာလား...ဒါတောင် ကိုယ်နဲ့နေ့လည်စာထွက်စားမယ်ပြောနေသေးတယ်။ Liam သာသတိမပေးရင် ကိုယ့်အပြစ်ဖြစ်ပေတော့မယ်"

ABIDING LOVE : 밀당즈 ✓Where stories live. Discover now