Sept

1.3K 178 21
                                    


အချိန်တွေညောင်းလို့ နှစ်တွေပြောင်းရင်တောင် ခံစားချက်တွေကမဟောင်းနွမ်းနိုင်သေးတာ။

တကူးတကလွမ်းဆွတ်သလားမေးရင် တိုက်ဆိုင်မှုတွေရှိလာရင်တေ့ တမ်းတမိတာပါဘဲ...

နွေလေပြေက မြက်ခင်းစိမ်းတွေပေါ်ဖြတ်ပြေးသွားတဲ့အခါ တစ်ချိန်ကလေပြေလိုနွေးထွေးတဲ့ စကားသံ သဲ့သဲ့တွေကို သတိရတယ်။

မိုးစက်မိုးပေါက်တွေ မြေပြင်ပေါ်လဲလျောင်းတဲ့အခါ မိုးရေစက်တွေလို အေးချမ်းခြင်းတွေဖုံးလွှမ်းနေတဲ့ ဖြစ်တည်မှုလေးတစ်ခုကို သတိရတယ်။

ဟေမန္တဆောင်းရဲ့ဆီးနှင်းတွေ ကမ္ဘာမြေပေါ်ပျံ့လွှင့်လာတဲ့အခါ ဆောင်းမှာပွင့်တဲ့ ပန်းလေးတစ်ပွင့်ကိုသတိရမိတယ်။

ဒီလောက်ပါပဲ....ဒီလောက်လေးပဲ တမ်းတမိတာ။ သိပ်မများပေဘူးမလား...

— ABIDING LOVE —

Oulu မြို့ကို ဦးတည်ပျံသန်းနေတဲ့လေယာဉ်တစ်စီးမှာ နေအလင်းရောင်ကောင်းစွာမထွက်ခင်မှာပဲ ထိုမြို့လေးသို့ ဆိုက်ရောက်လာခဲ့သည်။

Oulu

Northern Finland မှာတည်ရှိနေတဲ့ Oulu မြို့ကား Northern Finland ရဲ့ မြို့တော်တစ်ခုလည်းဖြစ်သည်။ Northern Ostrobothnia ပြခန်း၊ Turkansaari Open-air ပြခန်း ၊ အနုပညာနဲ့ပတ်သက်တဲ့ The Oulu Museum of Art ... အစရှိသော ပြခန်းပေါင်းများစွာနဲ့ Oulu မြို့သည် Finnish ယဉ်ကျေးမှုတို့ ရှင်သန်ရာမြို့တစ်ခုဖြစ်သလို နည်းပညာပိုင်းဆိုင်ရာတွင်လည်း တိုးတက်နေသော မြို့တစ်မြို့ဖြစ်သည်။

သာမန်လူသာဆို အလုပ်ကိစ္စနဲ့ခရီးထွက်ရင်တောင် အနည်းဆုံးနေတစ်ပတ်လောက်နေမည့်နေရာမှာ ဟီဆွန်းကတေ့အလုပ်ပြတ်တာနဲ့ ပြန်ရန်သာ တာဆူနေခဲ့သည်။

Finland နိုင်ငံကိုသူမလာချင်ခဲ့....ရှိနေတဲ့ နေရာချင်းမတူတာတောင် အကြင်သူရှိနေတဲ့ ဒီနိုင်ငံမြေကိုမနင်းချင်ခဲ့ပေ။ သူ့စိတ်သူမထိန်းနိုင်ခဲ့ရင် ထိုလူသားဆီ အပြေးသွားတွေ့နေမိလိမ့်မည်...။

"ဟျောင်း ပြခန်းတစ်နှစ်ပြည့် ceremony ပြီး တန်းပြန်မယ်ဆို ဟျောင်း ပင်ပန်းတာပေါ့"

ABIDING LOVE : 밀당즈 ✓Where stories live. Discover now