1

64.9K 3.2K 167
                                    

တူညီဝတ်စုံနဲ့ လူငယ် ​ခြောက်​ယောက်​ကအပြေးအလွှားထွက်လာကြတယ်။ သူတို့အထက်အရာရှိက လူစုချိန်ကို တစ်နာရီတိတိ ​ရှေ့တိုးလိုက်သည်​လေ။ အ​ကြောင်းကြားပြီးပြီးချင်း ငါးမိနစ်အတွင်း ​ရောက်ရမည်ဆို​တော့ တချို့​တွေဆို ဝတ်စုံကြယ်သီး​တွေ​တောင်လွဲလို့။

ပြည်သူ့ဝန်ထမ်း​တွေအတွက် ​စီမံ​ပေး​သော နေထိုင်ရာ ဝန်းကျယ်ကြီးထဲမှာ လူပျို​​ဆောင်က​နေ ရဲသား​တွေက ​ပြေးထွက်လာကာ စုရပ်ဖြစ်တဲ့ Mainတံခါး​ပေါက်နားမှာ သတိအ​နေအထားရပ်​နေကြသည်။ အရာရှိက စည်းကမ်းတင်းကြပ်တာမို့ မည်သူမှ အသက်ရဲရဲမရူူရဲဘူး။ ငါးစက္ကန့်​လောက်ကြာချိန်မှာပဲ ဝတ်စုံအပြည့်ကို ​သေသပ်စွာဝတ်ထားတဲ့ သူတို့အရာရှိက ​​ရောက်လာသည်။

ဝန်ထမ်းအိမ်ယာ​တွေပဲ ရှိတဲ့ ဝန်းက အ​တော့်အ​တော် ကျယ်ဝန်းလှတာမို့ မိသားစု​တွေလည်း များသည်။ သူ့ရာထူးနဲ့သူ ​နေရာချထားတာမို့ ပုံစံ​တွေက​တော့ မတူညီကြဘူး။ တစ်ချို့မိသားစုက အရွယ်​ရောက်ပြီးသား သမီး​ပျိုတွေဆိုရင် အရာရှိကို လူပျိုအမှတ်နဲ့ ငမ်း​နေကြတုန်း။လူပျိုထင်ဆိုရင် အရာရှိဝမ်ရဲ့ အိမ်​ထောင်ဖက်ကို မည်သူမှ မမြင်ဖူးကြ​သေးဘူး​လေ။ အရာရှိဝမ်က အိမ်​ထောင်သည်​တွေအတွက် ရည်ရွယ်တဲ့ အိမ်မှာ ​နေခြင်း​ကြောင့်သာ အိမ်​ထောင်ရှိမှန်းသိကြတာ။ လူပျိုအ​ဆောင်​​တွေရဲ့ နံရံ​တွေက ပါးတာမို့ အိမ်​ထောင်သည်​တွေအတွက် အဆင်မ​ပြေဘူး​လေ။အရာရှိဝမ်ရဲ့ အိမ်​ထောင်ဖက်က ခရီးသွား​နေတာမို့ ဒီနှစ်လ​လေးအတွင်းမှာ ဘယ်သူမှ မမြင်ဖူးကြ​သေးဘူး။

အရာရှိက ​ပေကျင်းကို ​ပြောင်းလာတာ နှစ်လ​​လောက်သာရှိ​သေးသည်​လေ။ နှစ်လ​လောက်အတွင်းမှာပဲ အရာရှိက စည်းကမ်းကြီးတာမို့ အကုန်​ကြောက်ကြသည်။ အသက်​လေး နှစ်ဆယ့်​လေးနှစ်​ကျော်သာ ရှိ​သေးတဲ့ အရာရှိက မျက်နှာထားက အမြဲတင်းမာ​နေသည်။ မာန်​တက်​နေတာမျိုးမဟုတ်ပဲ သြဇာအပြည့်ရှိတဲ့ တည်ကြည်တဲ့မျက်နှာမျိုး။ဒီဝန်ထမ်း ဝန်းအတွင်းမှာ​တော့ အရာရှိက ရာထူးအကြီးဆုံးပင်။

အခုလည်း မူးယစ်​ဆေးဝါးအမှုတစ်ခုအတွက် သတင်းအတိအကျရထားတာမို့ ​မြို့​တော်အတွင်းက ​ရပ်ကွက်တစ်ခုထဲ ဝင်​ရောက်ဖမ်းဆီးရမှာပင်။ လမ်း​လျှောက်လာတဲ့ အရာရှိရဲ့ ​ခြေလှမ်း​တွေကအစ အလှမ်းညီကာ ​သေသပ်သည်၊ မြန်ဆန်သည်။ ​ဘေးမှာ​တော့ အရာရှိလက်​ထောက်က အ​ပြေးတစ်ပိုင်းလိုက်လာရသည်။

ADAGIO ( Completed )Where stories live. Discover now