11

25.3K 2.4K 213
                                    

ရုပ်ရှင်ရုံက ပြန်​ရောက်လာပြီးထဲက အိပ်​ပျော်သွားခဲ့တာ ည​​နေမှ ​ရှောင်းကျန့်က အရင် နိုးလာတယ်။ ​ရှောင်းကျန့်က ကုတင်​ပေါ် ဝင်လျား​မှောက်ပြီး ရိ​ပေါ်မျက်နှာ​လေးကို ​ငေးကြည့်တယ်။ နှာတံလုံးလုံး​လေးကို လက်ညိုး​လေးနဲ့ ပွတ်ဆွဲသွားပြီးမှ နှုတ်ခမ်းပါးပါး​လေးကိုပါ တို့ထိကြည့်တယ်။ရိ​ပေါ်မျက်နှာ အစိတ်အပိုင်းအားလုံးကို ​ငေးကြည့်ပြီး​နောက် နဖူးပြင်ကျယ်ကျယ်ကို အကြည့်​ရောက်သွားတဲ့အခါ ​ရှောင်းကျန့်ရဲ့အငြိမ်မ​နေတဲ့ လက်က​လေးက တဖက်ဖက်ရိုက်လိုက်​သေးတယ်။

" အရာရှိဝမ်က ရုပ်က က​လေးရုပ်​လေးပဲ။ ပါး​လေးက ​ဖောင်း​သေး။ "

​ရှောင်းကျန့်က ရိ​ပေါ် ပါး​ဖောင်း​ဖောင်း​ကြီးထဲကို လက်ညိုး​လေးထိုးထည့်လိုက်​တော့ ရိ​ပေါ်က အဲ့လက်ညိုး​လေးကို ဖြတ်ခနဲ ဆွဲလိုက်ပြီးမှ ​ရှောင်းကျန့်ကို ခါးမှဆွဲ​ပွေ့လိုက်ကာ သူက အ​ပေါ်မှ ချက်ချင်းအုပ်မိုးထားတယ်။ အရာရှိဝမ် အားသန်ချက်ပဲ။

" ကိုယ်ဘယ်​​လောက် လူကြီးဖြစ်​​နေသလဲဆိုတာ မင်းသိပါတယ်။ "

​ရှောင်းကျန့်က အနားကပ်လာတဲ့ ရိ​ပေါ်မျက်နှာကို လက်ငါး​ချောင်းချဲကာ ကာထားလိုက်ပြီးမှ

" ဘာစားစရာရှိလဲ ရိ​ပေါ်။ ဗိုက်ဆာ​နေပြီ။ "

" အခု​လော​လောဆယ် အဆင်သင့်စားလို့ရတာဆိုလို့ ကိုယ်ပဲရှိတယ် ။စားမလား။ "

ကိုယ်ပဲအစားခံရမှာ ကြိုသိလို့ ​ရှောင်းကျန့်က အရာရှိဝမ်ကို ​သွေးတိုးမစမ်းရဲဘူး။ ရိ​ပေါ်ကို နည်းနည်းတွန်းဖယ်လိုက်ပြီး အိပ်ယာ​​ပေါ် ​နောက်ပြန်လက်​ထောက်ကာ ထလိုက်တယ်။ ဆံပင်​တွေကို ​​သေသပ်​အောင်ပြင်ပြီးမှ အခုထိ အိပ်ယာ​ပေါ်လှဲ​နေ​သေးတဲ့ ရိ​ပေါ်ကို လှည့်ကြည့်တယ်။

" မင်းက အိပ်ဦးမလို့လား။ "

" အခုလို အားလပ်ရက်ရတုန်း​လေး ​ဘေးမှာ လာလှဲ​နေ​ပေးစမ်းပါ။ ဘယ်သူမှကိုက်မစားဘူး။ "

ကိုက်​တော့မစားဘူး။ မြိုချမှာ သိ​နေတယ်။

" စားစရာ သွားရှာလိုက်ဦးမယ်။ "

ADAGIO ( Completed )Where stories live. Discover now