13

22.8K 2.4K 246
                                    

လက်ထပ်ထားတာ ​​​ခြောက်လ​ကျော်​ရှိ​နေ​ပေမယ့် ရိ​ပေါ်က ​ရှောင်းကျန့်အခန်းထဲ ​ရောက်ဖူးတာ ဒါပထမဆုံးပဲ။ ​ရှောင်းကျန့်အခန်း​လေးက သပ်သပ်ရပ်ရပ်က​လေးနဲ့ ဝန်းထဲက သူတို့ အိပ်ခန်းထပ် အနည်းငယ် ပိုကျယ်ဝန်းသည်။ အိပ်ယာ​ပေါ်မှာ မျက်မှန်တပ်ထားတဲ့ လက်တစ်​ပွေ့စာ ဘဲရုပ်​လေး တင်ထားတယ်။ ​ဘေးနံရံ​တွေမှာ ​ရှောင်းကျန့် ငယ်ငယ်တုန်းကပုံ​တွေမှ စပြီး အခုအရွယ်ထိ မင်္ဂလာ​ဆောင်တုန်းက ပုံ​တွေပါ ပါသည်။

" အိပ်ယာခင်းက မာမားလဲထားတာထင်တယ်။ "

​​​ရှောင်းကျန့်က ဗီရိုထဲက နှစ်​ယောက်​ခြုံဖို့ ​စောင်ထုတ်ရင်း တစ်​ယောက်ထဲ ခပ်တိုးတိုး​လေး ​ပြောတယ်။ ​​စောင်ကို အိပ်ယာ​ပေါ်မှာ ​နေရာတကျထားလိုက်ပြီးမှ ကုတင်​ပေါ်က ဆင်းလာကာ ရိ​ပေါ်ကြည့်​နေတဲ့ နံရံမှာ ကပ်ထားတဲ့ ဓါတ်ပုံ​တွေကို လိုက်ကြည့်တယ်။

" ငယ်ငယ်ထဲက ​သေး​သေး​​လေး​နော်။ "

ရိ​ပေါ်က ​ရှောင်းကျန့် တစ်နှစ်သား​လောက်တုန်းက ကိုယ်တုံးလုံးချွတ်နဲ့ ခါး​ထောက်​နေတဲ့ ပုံကို ကြည့်ပြီး ​ပြောလိုက်တယ်။ ​ရှောင်းကျန့်က အဲ့ဓါတ်ပုံကို လက်ဖဝါးနဲ့ အုပ်လိုက်ပြီး

" အဲ့ဒါ ငါမဟုတ်ဘူး။ "

" လိမ်ပြန်ပါပြီ။ ​ရှောင်းသခင်​လေးက စားသမျှအရပ်ထဲ စု​နေတာပဲ။ ​​သေး​သေး​ကွေး​ကွေး​လေး​နော်။ အခုထိ မ​ပြောင်းလဲဘူး။ "

ရိ​ပေါ်က ​ရှောင်းကျန့်လက်ကို ဆွဲဖယ်ကာ ​ပြောလိုက်​​တယ်။

" ငါက ပုံမှန်sizeပဲ။ မင်းကသာ စံချိန်လွန်​နေတာ။ "

ရိ​ပေါ်က နှုတ်ခမ်းတွန့်ရုံမျှ​လေးပဲ ပြုံးလိုက်ပြီး ​နောက်ထပ်ပုံ​တွေ ထပ်ကြည့်​နေလိုက်ပြီး ပုံတစ်ပုံအ​ရောက်မှာ အကြည့်​တွေ ရပ်သွားသည်။

" အဲ့ဒါ ငါငယ်ငယ်တုန်းက​​လေ။ အဲ့တုန်းက အဖိုးက ​လော့ရန်မှာ တာဝန်ကျလို့ ငါ​လည်း ​လော့ရန်က ​ကျောင်းမှာ သုံးလ​​ကျော်လောက်​နေခဲ့ဖူးတယ်။ ဒီထဲကပုံက ​ကျောင်းက ပွဲ​တော်တစ်ခုခုတုန်းက ပုံ​ထင်တာပဲ။ "

ADAGIO ( Completed )Où les histoires vivent. Découvrez maintenant