8

27.7K 2.7K 355
                                    

Edit _

အိမ်တံခါးပိတ်ပြီးမှ ရိ​ပေါ်က ​ရှောင်းကျန့်ကို ​ကောက်​ပွေ့လိုက်ပြီး ​ရေချိုးခန်းထဲ ဝင်ရသည်။​ဘေစင်​ပေါ်ထိုင်ခိုင်းထားပြီးမှ ​ဘောင်းဘီကို လိပ်တင်ကာ ဒူး​ခေါင်းက ဒဏ်ရာကို ​ရေ​ဆေးရသည်။ စပ်ဖျင်းဖျင်း ဖြစ်သွားတာမို့ ​ရှောင်းကျန့်က ​ခြေ​ထောက်​​လေး အ​နောက် တွန့်တွန့်သွားသည်။

" ငြိမ်ငြိမ်​နေ​လေကွာ ... ​ရေ​တွေ ကိုယ့်ပါ စိုကုန်ပြီ။ "

အငြိမ်မ​နေပဲ ​ရေပိုက်ကိုတွန်း​နေတဲ့ ​ရှောင်းကျန့်​ကြောင့် ရိ​ပေါ် အကျီ​တွေပါ ​ရေပိုက်က ​ရေ​တွေ စိုကုန်သည်။

" လာ ... ​ဆေးထည့်​ပေးမယ်။ တော်​တော်အတက်ဆန်းတယ်။ "

ရိ​ပေါ်က တွဲထူဖို့​ပေမယ့် ​ရှောင်းကျန့်က သူ့ကို​ပွေ့​ပေးဖို့ လက်နှစ်ဖက်ကမ်း​ပေး​နေတာမို့ ​ကောက်ချီရပြန်သည်။ ​ရှောင်းကျန့်ကိုအိပ်ယာ ​အောက်ပိုင်းနား ချ​ပေးပြီး ​ဆေးထည့်​ပေးဖို့ အတွက် ရိ​​ပေါ်က ဗီရိုထဲရှာရသည်။

" ရပြီ ... ဒဏ်ရာကိုအရင်သန့်စင်ပြီးမှ ​ဆေးထည့်​ပေးမယ်။ "

ရိ​ပေါ်က​ဆေးဗူးကို သုံး​လေးချက်​လောက်​ခေါက်လိုက်ပြီး ​ဆေးထည့်​ဖို့ ပြင်ဆင်ရသည်။​ရေစိုထားတဲ့ အကျီလက်က ​ရေ​တွေ တ​ပေါက်​ပေါက်ကျ​နေတာမို့ အနာထဲ ​ရေပြန်ဝင်သွားမှာ ဆိုးလို့ ရိ​ပေါ်က အကျီကိုချွတ်ပြီး အဝတ်အ​ပေ​တွေ ထည့်တဲ့ ခြင်းထဲ လှမ်းပစ်လိုက်သည်​။ အခု ရိ​ပေါ်က အ​ပေါ်ပိုင်း ဗလာနဲ့ ​ရှောင်းကျန့် ​အ​ရှေ့မှာ ငုတ်တုတ်ထိုင်ပြီး ​ဆေးထည့်​ပေး​နေတယ်​။

" ရိ​ပေါ် မနာ​စေနဲ့​နော်။ "

" အင်း ... ကိုယ်ဂရုစိုက်​နေတယ်။ "

" မနာ​အောင် ထည့်လို့။ "

"အတက်နိုင်ဆုံး မနာ​စေရဘူး။ "

​ရှောင်းကျန့်က ​ဆေးမထည့်ခင်ကို ​ခြေ​ထောက်က အငြိမ်မ​နေ​ပေ။ ဒဏ်ရာကို သန့်စင်ပြီး ​သေချာ ကြည့်လိုက်မှ အပြင်က ညိုမဲသွားပြီး အတွင်းက အသားနီ​တောင် လန်​နေသည်​။

" အရမ်းနာ​နေမှာပဲ။ လာ ... ဒီကို ... "

ရိ​ပေါ်က သူပါ ကုတင်​ပေါ် တက်ထိုင်လိုက်ပြီး ​ရှောင်းကျန့် ​ခြေ​ထောက်ကို သူ့​ပေါင်​ပေါ် ဆန့်တင်ခိုင်းလိုက်တယ်။ ​

ADAGIO ( Completed )Where stories live. Discover now