17

23.8K 2.1K 154
                                    

​​ရှောင်းကျန့် , ​ရှောင်းအိမ်​တော်ကို ပြန်​​ရောက်​နေတာ ​လေးနာရီ​ကျော်​နေပြီ။ ည​နေ ပြန်လာမယ်ဆိုတဲ့သူက မိုးချုပ်ပြီး ​ခြောက်နာရီထိုးခါနီးတဲ့အထိ ​ပေါ်မလာလို့ ​ဒေါသထွက်ပြီး ကိုယ့်အိမ် ကိုယ်ပြန်လာတာ။ ဖုန်းဆက်​တော့လည်း မကိုင်ဘူး။ ရုံးဖုန်းကို ဆက်ကြည့်မှ အရာရှိဝမ်က ​နောက်ကျမယ်ထင်တယ်ပဲ ​ပြောပြီး သူတို့လည်း ဘာမှ ​ရေ​ရေရာရာ မသိဘူး။

အိမ်​ရှေ့က​နေ ရံဖန်ရံခါ ဖြတ်သွားကြတဲ့ အ​တွဲတွေကို ​ရှောင်းကျန့်က အကုန်လိုက်​ငေး​နေတယ်။ အဖိုးက​​တော့ သတင်းစာ ဖတ်ချင်​ယောင်​ဆောင်ပြီး ​ရှောင်းကျန့်ကို ကြိတ်​လှောင်​နေတာ။ ​ရှောင်းကျန့်က အဖြူ​ရောင် ရှပ်အကျီအရှည်ပွပွကြီးနဲ့ ​ဘောင်းဘီက ဂျင်းပြာအ​ဖျော့​လေး ဝတ်ထားပြီး ဆိုဖာ​ပေါ်က​နေ ပြတင်း​ပေါက်ဘက် ​​မေး​လေး​ထောက်ပြီး သံတိုင်ကြားက​နေ အိမ်​ရှေ့ကို ​ငေးကြည့်​နေတယ်။

" ပန်းချီဖြစ်ဖြစ် ဆွဲ​နေပါ့လား ​ရှောင်းကျန့်ရယ်။ ငါ , မင်းကိုကြည့်ပြီး စိတ်မချမ်း​မြေ့လို့ပါ။ အရာရှိဝမ်လာရင် ငါ​ခေါ်လိုက်ပါ့မယ်။ "

" သူ့ကို ​မျှော်​နေတာ မဟုတ်ဘူး။ သူ့ဘာသာ ဘယ်သွားသွား။ "

​ရှောင်းကျန့်က အဖိုးကို ပြန်​ပြောပြီးမှ အိမ်​ရှေ့ဘက် မျက်နှာ​လေး ပြန်လှည့်သွားသည်။

" အားကျန့် ... "

​ရှောင်းကျန့်က စိတ်မကြည်စွာ ပြန်လှည့်ကြည့်တယ်။ မာမားနဲ့ပါပါးက အ​ပေါ်ဝတ်လက်ရှည် အဖြူဆင်တူနဲ့ အပြင်သွားမည့်ဟန်။ ပါပါးက မာမားကို​တောင် ချည်မာဖလာ ပတ်​ပေး​နေ​သေးတယ်။ ​

" မာမားတို့နဲ့ လိုက်ခဲ့မလား။ ညစာ သွားစားမလို့။ "

​ရှောင်းကျန့်က မျက်နှာကြီး မဲ့ကျသွားပြီးမှ

" လိုက်ရ​အောင် ကျွန်​တော်က သုံးနှစ်က​လေးလား။ကန့်လန့် ကန့်လန့်နဲ့ မလိုက်ချင်ပါဘူး။ ကိုယ့်ဘာသာပဲ ​ပျော်ခဲ့ကြပါ။ ​ပျော်နိုင်သူ​တွေ ​ပျော်ကြပါ။ "

ပါပါးက ​ရှောင်းကျန့်ကို ကြည့်ပြီး ကြိတ်ရယ်တယ်။ ပြီးမှ

" အရာရှိဝမ်က အလုပ်ကိစ္စနဲ့​လေ။ အ​ပျော်သွားတာမှ မဟုတ်တာ။ မင်း အဲ့လိုကြီး ​ဆိုး​နေမှဖြစ်မှာလား။ "

ADAGIO ( Completed )Where stories live. Discover now