အပိုင်း(၁)ချန်းယန်မင်းချင်းအာနဲ့အတူငရဲကိုလိုက်သွားသင့်တယ်

357 20 0
                                    

လော့ဟိုင်မြို့၏ အမျိုးသမီး အကျဉ်းချထားရာ စခန်းသည် မှောင်မဲနေပြီး အကျဉ်းထောင်အခန်းသည် ကျဉ်းကျဉ်းကျုတ်ကျုတ် ဖြစ်နေ၏။

ဆောင်းတွင်း၏ အေးစက်စိုထိုင်းနေသည့် လေပြေလေညှင်းတို့သည် အကျဉ်းထောင် အခန်းကျဉ်းလေးဆီသို့ ယို့စိမ့်နေခဲ့သည်။အေးစက်သော လေထုမှ လေပြေတစ်ချက်သည် အကျဉ်းထောင်အခန်းထဲတွင် ထိုင်နေသော အမျိုးသမီးတစ်ယောက်၏ မျက်နှာဆီသို့ တိုးဝှေ့တိုက်ခတ်နေခဲ့လျက်။သူမကား ခိုက်ခိုက်တုန်နေခဲ့ပြီး
သူမ၏ ဒူးခေါင်းများအား ဦးခေါင်းဆီထောင်၍ လက်ဖြင့်ပွေ့ပိုက်ထား၏။

ဒီနေ့က ထူးခြားသည့်နေ့တစ်နေ့ပင်...

"နံပါတ်(၂၃၈)။ ရှင် ဒီနေ့ ထွက်ရတော့မှာ။ရှင့်ရဲ့ စာရွက်စာတမ်းနဲ့ပစ္စည်းတွေ သွားယူဖို့ ရှင့်နံပါတ်ပြားယူခဲ့"

ထောင့်မှုး၏ အေးစက်သော အသံသည် အကျဉ်းထောင် အခန်းကျဉ်းလဟာပြင်၌ ကြောက်မက်ဖွယ်ရာကောင်းအောင် ပဲ့တင်ထပ်နေခဲ့၏။
"မြန်မြန်လုပ်"

ထောင်စောင့်က သူမအား မြန်မြန်လုပ်ဖို့ ဆော်ဩနေစဉ် တက်ကြွမှု အရိပ်ယောင်တစ်ခုသည် မုချန်းယန်၏ အေးစက်နေခဲ့သည့် မျက်ဝန်းတွေကို ဖြတ်၍ လှစ်ခနဲ ဝင်လာခဲ့သည်။

သူမ လွတ်လပ်ခွင့်ရမည့် သတင်းကြားတော့ (၇၂၃)ရက်လောက် သေရတော့မည်ဟု ယူဆထားခဲ့သည့် အမျိုးသမီးသည် တဖြည်းဖြည်းချင်း သတိပြန်ကပ်လာဟန်တူပါသည်။

သူမက ဆောင့်ကြီးအောင့်ကြီးဖြင့် မတ်တပ်ရပ်လိုက်ပြီး တွန့်ကြေနေခဲ့သည့် သူမကိုယ်ပေါ်က အဝတ်အစားများအား သပ်သပ်ရပ်ရပ်ပြုပြင်လိုက်ပါ၏။  သူမ၏ နက်မှောင်နေသည့် ဆံနွယ်များသည် သူမ၏မြင်ကွင်းအား နှောင့်ယှက်နေတတ်သဖြင့် နားရွက်နောက်ပါးဆီသို့ သပ်တင်လိုက်သည်။

သူမ၏ အမြဲဖြူရော်နေသည့် အသားရေသည် ပို၍ပင်ဖြူရော်နေခဲ့၏။

ထောင်က ကျွေးမွေးသည့် အစားအစာများသည် အဟာရဓာတ် အနည်းငယ်ရှိဖို့နေနေသာသာ သူမနှလုံးအိမ်ထဲမှ လှိုင်းလုံးပမာ တလိမ့်လိမ့်ထိုးတက်လာသော အုံကြွမှုအား ဤအခိုက်တန့်တွင်တော့ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လုံလောက်ပါ၏။

မင်းအတွက်ဖြစ်တည်မှု(မစ္စတာယွမ်)Where stories live. Discover now