အပိုင်း(၄)အပြစ်ရှိတယ် ၊အပြင်းကင်းတယ်ဆိုတာတွေ
အားလုံးက ယွမ်ရွှမ်ရဲ့ ပြောစကားတွေပေါ်ပဲ
မူတည်တယ်။ယွမ်မိသားစုစံအိမ်ကြီးသည် လော့ဟိုင်မြို့၏ မြောက်ပိုင်းနယ်ပယ်ဒေသ ဆောင်ဦးတောင်ကုန်းရှုခင်းရဲ့ အလယ်တောင်ကုန်းလေးတွင် တည်ရှိနေ၏။ဒဏ္ဍရီတွေအရ တာအိုဘုန်းတော်ကြီးတစ်ပါးသည် ဖုန်းရွှေကို ဤကုန်းမြေပေါ်တွင် တစ်ကြိမ်လေ့ကျင့်ခဲ့ဖူးတယ်။နောက်ပြီးတော့ ပြောကြတယ်။ဒီနေရာမှာ မင်းတစ်ပါးရဲ့မျိုးရိုးဇစ်မြစ်တွေရှိတယ်တဲ့။ဒါ့အပြင် မျိုးရိုးမြင့်တဲ့ အရာရှိတွေရဲ့ မျိုးဆက်တချို့နဲ့ တော်ဝင်မိသားစုဝင်တွေ ဒီနေရာမှာ အခြေချခဲ့ကြပြီး မြောက်များတဲ့ နယ်မြေကြီးတွေမှာ အဆောက်အအုံကြီးကြီးမားမားတွေ တည်ဆောက်ခဲ့ကြတယ်တဲ့။
ယွမ်မိသားစုအိမ်တော်ကြီးက မင်မင်းဆက်နဲ့ ချင်မင်းဆက်က အဆောက်အအုံဒီဇိုင်းမျိုးဖြစ်တယ်။
ယွမ်မိသားစုမှ ဘိုးဘေးတို့သည် တစ်ချိန်တုန်းက အန်းဟွေ့မှာ အရာရှိတွေဖြစ်ခဲ့ကြပြီးတော့ ယာယီအပန်းဖြေဆောင် အဆောက်အဦးတွေက ဟွေ့ဗိသုကာ ဒီဇိုင်းတို့ကျန်ရစ်သည်ကို လေ့လာနိုင်တယ် ။
စံအိမ်တော်ကြီး၏ အတွင်းဖက်အကျဆုံးနဲ့ အပြင်ဘက်ပိုင်း ဧရိယာတို့တွင် အဆောက်အအုံသုံးမျိုးလောက်ရှိနေသည်။ယွမ်မိသားစု၏ သခင်မကြီးယွမ်သည် အတွင်းကျဆုံး အဆောက်အဦးတွင် နေထိုင်ပါ၏။
ယွမ်သခင်အိုကြီး သေဆုံးသွားပြီးနောက် ထိုနေရာတွင်နေရသည့်တစ်ယောက်သောသူသည် အင်အားအကြီးမြတ်ဆုံးနှင့်ယွမ်မိသားစုထဲတွင် ရိုသေအလေးစားခံရဆုံး အဆင့်တန်းတွင် ရှိနေလိမ့်မည်။
ယွမ်သခင်မကြီးမှာမူ သားသုံးယောက်နှင့် သမီးတစ်ယောက်ရှိ၏။ယွမ်ရွှမ်၏ ဖခင် ယွမ်ထျန်ပိုင်က အကြီးဆုံးသားဖြစ်၏။ဒုတိယသား ယွမ်ထျန်ကျုံးနှင့် အငယ်ဆုံးသား ယွန်ထျန်ရှိုးတို့ ဖြစ်သည်။
ယွမ်ထျန်ပိုင်(၃၇)နှစ်ကျော်တွင် သားကြီးဖြစ်တဲ့ ယွမ်ရွှမ်ကို ရလာ၏။
ယွမ်ထျန်ကျုံးနှင့် ယွမ်ထျန်ရှိုးတို့တွင် သားတစ်ယောက်နှင့်သမီးတစ်ယောက်စီ ရှိကြ၏။
YOU ARE READING
မင်းအတွက်ဖြစ်တည်မှု(မစ္စတာယွမ်)
Mystery / Thrillerမင်းအတွက် ဖြစ်တည်မှု(ထပ်မဝေးဘူး ကိုယ့်အချစ်ဦး) နှစ်များစွာကြာမြင့်လာပြီးနောက် မုချန်းယန် နောက်ဆုံးတော့ သူမ စိတ်ကူးအိပ်မက်ထဲမှ အမျိုးသားဖြစ်သည့် ယွမ်ရွှမ်အား လက်ထပ်ရတော့မည်။သို့သော် မုချန်းယန် မင်္ဂလာဆောင်မည့်နေတွင် ရှုချင်းအာ၏ ဝမ်းနည်းဖွယ်ရာသေဆုံးခြ...