အပိုင်း(၃)။သေသွားရင်တောင် သခင်မလေးက
ယွမ်မိသားစုရဲ့တစ္ဆေပဲဖြစ်နေအုံးမှာအိမ်တော်ထိန်းဖူသည်ကား မောက်မာခြင်းမရှိသလို နှိမ့်ချခြင်းလည်းမရှိဘဲ သူ့မြေးမလေး၏ လက်ကောင်ဝတ်အား တွဲကိုင်ထားလျက်။သူ့၏မျက်နှာကို အောက်ကျို့ပြီး ညင်ညင်သာသာဖြင့် ပြောလာ၏။
"သခင်မလေး...မှတ်မိနေအုံးမယ်ထင်ပါတယ်။သခင်မလေး သခင်လေးယွမ်နဲ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးထားပြီးပြီဆိုတာလေ""ယွမ်မိသားစုက ပေါက်ဖွားလာတဲ့ မျိုးရိုးစဉ်ဆက် တစ်လျှောက်လုံးမှာ ဘာကြောင့်တချို့က ချွေးမလောင်းတွေအဖြစ်နဲ့ လက်ထပ်ပြီး မိသားစုထဲဝင်ဖို့ မလိုလားကြလဲဆိုတဲ့ အကြောင်းရင်းတွေရှိတယ်။ဒါကတော့...ဒီမိသားစုမှာ အရင်က ဇနီးသည်တွေကနေ ခင်ပွန်းကို ကွာရှင်းကြတယ်ဆိုတဲ့ ဖြစ်ရပ်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးလို့ပဲ"
"ဒါကြောင့် သေသွားမယ်ဆိုရင်တောင် သခင်မလေးက ယွမ်မိသားစုရဲ့ တစ္ဆေသရဲဖြစ်နေအုံးမှာပဲ။"
သူရဲ့နောက်ဆုံးစကားက အရှိန်ကိုလျော့ပြီး ပြောနေသော်ငြား အဲ့ဒါက တကယ်တော့ ပေါ်တင်ချိန်းခြောက်မှုတစ်ခုသာ။
သူမအဖိုး၏ စကားတစ်ခွန်းစီတိုင်းက အားဖူ ဆန်းစစ်ဝေဖန်ခဲ့မှုတွေကို အကြီးအကျယ် ဖျက်ဆီးစေခဲ့သည်။ထို့ပြင် ဒီအခြေနေကြီးက အားဖူလိုလူငယ်တစ်ယောက် ဘယ်တော့မှ မကြုံတွေ့ခဲ့ဖူးချေ။
သူမက သူမကိုယ်အား ဘေးတိုက်စောင်း၍ သူမအဖိုးဆီသို့ တွန့်ဆုတ်သွားခဲ့ပြီး မုချန်းယန်ဆီသို့ မသင်္ကာသည့် အကြည့်တစ်ချက်ပို့လိုက်၏။
မကြာသေးမီအချိန်တုန်းက အားဖူထင်မိတာက သခင်မလေးက သူမသခင်လေး ဖူးဖူးမှုတ်ပြီး ချစ်မြတ်နိုးရပါသည့် သူမဘယ်တော့မှ မသိကျွမ်းခဲ့ဖူးသည့်သူတစ်ယောက်ပေါ့။သခင်လေးက သူမကို နှစ်တွေအကြာကြီး နှစ်နှစ်ကာကာ ချစ်မြတ်နိုးခဲ့တယ်။ဒါကြောင့်မို့ သခင်လေးက သူမအန္တရာယ်ထဲရောက်နေတဲ့ အချိန်ကာလတစ်ခုမှာ ဘယ်တော့မှ ချန်ထားမပစ်ခဲ့ဘဲ သူမကို နှစ်နှစ်လောက် ခါးခါးသီးသီးစောင့်မျှော်နေခဲ့တယ်ပေါ့လေ။
YOU ARE READING
မင်းအတွက်ဖြစ်တည်မှု(မစ္စတာယွမ်)
Misterio / Suspensoမင်းအတွက် ဖြစ်တည်မှု(ထပ်မဝေးဘူး ကိုယ့်အချစ်ဦး) နှစ်များစွာကြာမြင့်လာပြီးနောက် မုချန်းယန် နောက်ဆုံးတော့ သူမ စိတ်ကူးအိပ်မက်ထဲမှ အမျိုးသားဖြစ်သည့် ယွမ်ရွှမ်အား လက်ထပ်ရတော့မည်။သို့သော် မုချန်းယန် မင်္ဂလာဆောင်မည့်နေတွင် ရှုချင်းအာ၏ ဝမ်းနည်းဖွယ်ရာသေဆုံးခြ...