အပိုင်း(၂)။ အိမ်တော်ထိန်းဖူ လူမှားနေပြီ

96 11 1
                                    

စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ခဲ့ပြီး သက်သေအထောက်ထားများအား စုဆောင်းကာ သူမက တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ရတော့သည်။

သက်သေအထောက်အထား မခိုင်လုံသဖြင့် အမှုကိစ္စသည် တစ်ကျော့ပြန်စစ်ဆေးဖို့ သက်သေကို ပြန်၍ ရှာဖွေခဲ့ကြရပြီး တရားရုံးတွင် ဆက်ပြီး ကြားနာခဲ့ရတော့သည်။

သူမအား တုန်လှုပ်ခြောက်ချားစေခဲ့သည်က ယွမ်ရွှမ်က တစ်ခါတွေ့ပြီးကတည်းက နောက်ထပ်ဘယ်တော့မှ ပေါ်လာခဲ့ခြင်းမရှိခဲ့ချေ။

ထို့ပြင် ယွမ်ရွှမ်သည် သူမအား အာမခံဖြင့် ထုတ်ပေးနိုင်ဖို့ နည်းလမ်းအားလုံးကိုတောင် ပိတ်ဆို့ပစ်ခဲ့သေးသည်။ (သူမကို ထို့သို့ အာမခံဖြင့်လာထုတ်ပေးပါက ဆိုးရွားတဲ့အဆုံးသတ်ရစေလိမ့်မည်တဲ့လေ)

မုမိသားစုကတော့ ယွမ်ရွမ်ကို အမှားပြုမိစေဖို့ သေချာပေါက်ကို ဝံ့ရဲမှာမဟုတ်ဘူး။

မုချန်းယန် တွေးလိုက်တယ်။ ဒီပြစ်မှုက မကြာခင် နိဂုံးချုပ်သွားမယ်။ နောက်ပြီး သူမသည်လည်း သေခြင်းတရားမှတပါး ထပ်ပြီး မျှော်လင့်နေစရာ ဘာမှမရှိတော့ဘူး။

ဒါကြောင့် သူမအမှုအား အယူခံဝင်ခွင့်ကို စွှန့်လွှတ်လိုက်ပြီး ရေငုံနှုတ်ပိတ်ဖြင့် တိုက်ပွဲဝင်ဖို့ ရွေးချယ်လိုက်တော့သည်။

သို့သော် သူမ ယုံကြည်မှုလွန်ကဲနေခဲ့သည်ကား။
ယွမ်ရွှမ်က သူမကို သူမပိုင်ဆိုင်တာတွေ ပျက်စီးသွားသည့်တိုင် ချမ်းသာခွင့်ပေးမည် မဟုတ်ချေ။

.....

"မုမိန်းကလေး။ကျွန်တော်က မင်းရဲ့ရှေ့နေပါ။မစ္စတာယွမ်က မင်းရဲ့အမှုအတွက် တာဝန်ယူမှု အပြည့်အဝပေးဖို့ ငှားထားတာလေ"

ထိုအချိန်မှစ၍ ဝူကျိလို့ခေါ်တဲ့ ရှေ့နေဆိုသည့် ပုဂ္ဂိုလ်သည်သာ ရက်ပေါင်း(၇၀၀)ကျော်မှာ မုချန်းယန်ဆီ တွေ့ဆုံဖို့ ရောက်ရှိလာတတ်ဆုံးလူတစ်ယောက်သာ ဖြစ်ခဲ့သည်။

ဤကျော်ကြားသည့်ရှေ့နေသည် နောက်ဆုံးမှာတော့ သူမ၏ သေခြင်းရှင်ခြင်းနှင့်ပတ်သက်၍ ဂရုစိုက်တတ်ဆုံးလူတစ်ယောက် ဖြစ်ခဲ့တော့သည်။

မင်းအတွက်ဖြစ်တည်မှု(မစ္စတာယွမ်)Where stories live. Discover now