အပိုင်း(၅)မမလေးနှင်းဆီပွင့်ချပ်တွေကိုအသုံးပြုတုန်းပ

105 14 1
                                        

မင်းအတွက် ဖြစ်တည်မှု(ထပ်မဝေးဘူး ကိုယ့်အချစ်ဦး)

အပိုင်း(၅)မမလေး နှင်းဆီပွင့်ချပ်တွေကို            
              အသုံးပြုတုန်းပဲမလား

ခေါင်ရမ်း ဉယျာဉ်တော်ကြီးသည် နှင်းဆီပန်းများနှင့် ယွမ်သခင်မကြီး ငယ်ရွယ်စဉ်ကတည်းကကြိုက်သည့် ခေါင်းရမ်းပန်းတို့ဖြင့်သာ ပြည့်နေပါ၏။

နောက်ပြီးတော့ သခင်မကြီးနှင့်သခင်ကြီးတို့က တစ်ယောက်ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်းကို ချစ်ကြတယ်တဲ့။ဒါပေမဲ့သူတို့အတူနေရမဲ့ရေစက်က ကြာရှည်မခံခဲ့ဘူး။သခင်ကြီး စိုးကြောက်ခဲ့တာက သူမရှိတဲ့နောက် သခင်မကြီး တစ်ယောက်တည်း ကျန်နေရစ်ခဲ့မှာကို။ဒါကြောင့် သူက စံအိမ်ရဲ့ပင်မအဆောက်အအုံတွေ ပတ်ပတ်လည်မှာ ခေါင်ရမ်းပန်းပင်တွေ စိုက်ပျိုးပေးထားခဲ့တယ်။သခင်ကြီးက သူ့ဘဝရဲ့နောက်ဆုံးကျန်ရှိတဲ့ နှစ်တွေအတော်အတွင်းမှာ စိုက်ပျိုးပေးနေခဲ့တာ။အဲ့တုန်းကသူ့ခန္ဓာကိုယ်ကလည်း တစ်နေ့တခြား ပိုပိုပြီး အားနည်းလာခဲ့တယ်။(ချစ်တတ်လိုက်တဲ့ ယွမ်ဘိုးဘိုး🥺🥺)

သူတို့ရဲ့ချစ်ခြင်းမေတ္တာက သမုဒ္ဒရာကြီးလောက် နက်ရှိုင်းခဲ့ပေမဲ့ ကံမကောင်းချင်တော့ ရေစက်က အဆုံးသတ်သွားခဲ့ပြီလေ။

အရမ်းချစ်ကြတဲ့ မိဘတွေကို အတုယူပြီး ယွမ်ထျန်ပိုင်(ယွမ်ပါးပါး)နဲ့သူ့ဇနီးကလည်း တစ်‌ယောက်ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ကြပါတယ်။ဒါကြောင့်လည်း ယွမ်ထျန်ပိုင် ကံကုန်သွားတဲ့အခါ သူ့ဇနီး(ယွမ်မားမား)က ရင်မဆိုင်နိုင်ဘဲ သူ(ယွမ်ပါးပါး)နဲ့အတူ လူ့လောကထဲက ထွက်ခွာသွားခဲ့ပါတယ်။

ယွမ်မိသားစုက အမျိုးသားတွေအားလုံးက သိပ်ကို ချစ်တတ်ကြတာတဲ့။နောက်ပြီး သူတို့ရဲ့အိမ်ထောင်ဘက်ကို သစ္စာရှိကြတယ်။ဒါပေမဲ ကံဆိုးစွာနဲ့ပဲ ယွမ်ရွှမ်အလှည့်ရောက်တဲ့အခါမှာ‌တော့ သူတို့ထဲက အများစုလို ဖြစ်မလာခဲ့ပါဘူး။(ယွမ်ရွှမ်မချစ်တတ်ဘူးပေါ့)

ဒီငယ်ရွယ်တဲ့ဆက်ခံသူက အေးစက်တယ်။မာနကြီးပြီး အလွန့်အလွန် အတွေးအခေါ် အမြော်အမြင် ရှိပေတယ်။

မင်းအတွက်ဖြစ်တည်မှု(မစ္စတာယွမ်)Where stories live. Discover now