- Unicode -
"ဒီမှာ ကျွန်တော့်ကို စီးကရက်တစ်ဘူးလောက်"
"အာ..တောင်းပန်ပါတယ်ဆိုင်ပိတ်နေ..ဟမ် မောင်~"
ဂျီမင်း သူ့ရှေ့ကလူကိုသေချာစိုက်ကြည့်နေမိသည် ၊ ဒီအသံ ၊ ဒီမျက်နှာ ၊ ဒီနှုတ်ခမ်း သူရင်းရင်းနှီးနှီးထိတွေ့ ကိုင်တွယ်ဖူးထားသလို ခံစားနေရသည် ။
"ဒီမှာဗျ!! စီးကရက်တစ်ဘူးလောက်ရောင်းမပေးနိုင်ဘူးလား? ကျွန်တော်အသက်ပြည့်ပြီးသားပါဗျ"
"ဟမ် အာ ဟုတ် မဟုတ်"
စကားတွေ အယောင်ယောင်အမှားမှား ၊ အထစ်အငေါ့တွေဖြစ်ကာ ပြောချင်တဲ့စကားကို ထွက်မလာခဲ့ ။
ခေါင်းကိုတစ်ချက်ယမ်းလိုက်ကာ ။
*အိပ်မက် အဲ့ဒါအိပ်မကျတစ်ခုသပ်သပ်ပဲ*"ဟင်းး အဟမ်း !! ကျွန်တော်တို့ဆိုင်ပိတ်ချိန်ရောက်နေပြီမလို့ တခြားဆိုင်သွားလိုက်ပါခင်ဗျ"
"လုပ်ပါဗျာ ကူညီပါ ကျွန်တော်က အချိန်မရဘူးဗျ , ချက်ချင်းအမြန်ပြန်ရမှာမလို့ တစ်ဘူးလောက်ပဲဖြစ်ဖြစ်ရောင်းပေးပါဗျာ"
အကူအညီေပးခိုင်းသလိုပုံစံမျိုး ရိုကျိုးပြီး ပြောနေတာမို့ ဂျီမင်း သက်ပြင်းအရှည်ချလိုက်ကာ။
"ဘာတံဆိပ်ယူမှာလဲ?"
"ဟားး ကျေးဇူးပါဗျာ ရတယ်ဗျ ရိုးရိုးဘူးပဲ"
ဂျီမင်း နောက်တန်းက စီးကရက်တစ်ဘူး ထုတ်ကာ စားပွဲရှေ့ထိုးပေးလိုက်သည် ။
"ဘယ်လောက်လဲဗျ"
"စာကပ်ထားတဲ့အတိုင်းပါပဲ"
"အာ..ဒီမှာ ကျွန်တော် sဖတ်လိုက်ပြီ ၊ သွားတော့မယ်နော်"
"ဟုတ် ကျေးဇူးပါ နောက်လည်း လာအားပေးပါဦးဗျ"
ဆိုင်ထဲကထွက်သွားတဲ့ ခန္ဓာကိုယ်လေးကို နှမြောတသလှမ်းကြည့်ေနမိသည် ၊ မျက်စိကို မှိတ်ကာ သက်ပြင်းချလိုက်ပြီး ။
ဟမ်!! ဒါဘယ်နေရာလဲ?
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ရောက်နေတဲ့နေရာက အချိန်ပိုင်းလုပ်တဲ့ ဆိုင်မဟုတ်တော့ ၊ မှိုင်းပြပြအရောင်တွေ လွှမ်းခြုံနေကာ မြူတွေဆိုင်းနေတဲ့ ဟာလာဟင်းလင်းပြင်ကြီးထဲတွင်..။
YOU ARE READING
𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-2}