- Unicode -
"အေး မင်းအဲ့မှာ ထိုင်ရီနေလိုက်သိလား! ငါ့မှာတော့ အဲ့ကောင်လေးကို မျက်နှာပူလွန်းလို့ ဘယ်လိုတောင် ပြန်တောင်းပန်ရမှန်းမသိဘူးဖြစ်နေတာကို"
"ဟားဟားဟား အေးပါ ငါ ဟား မရီ ပါဘူး ခ်ခ်"
လေဆိပ်က အဖြစ်အပျက်ကို ကုတင်ပေါ်မှာ နှစ်ယောက်သားထိုင်ရင်း ဟိုဆော့ကို ပြန်ပြောပြနေတော့ ရီလိုက်တဲ့ ဖြစ်ခြင်းဆိုတာ ။
တကယ်ပါပဲ ကိုယ်ကမျက်နှာပူလို့သူ့ကိုပြောပြလိုက်မှ ပိုမျက်နှာပူနေရတဲ့အဖြစ်..
"မင်းက မျက်နှာလေး ဘာလေး ကြည့်ပြီးမှ လုပ်ရမှာလေကွာ အခုတော့ ဟားဟား"
ရီသံစွက်နေတဲ့ အသံနဲ့ တစ်လုံးချင်းပြောနေတဲ့ဟိုဆော့ကို နမ်ဂျွန်းထထုပစ်လိုက်ချင်မိတော့သည် ။
"မင်းကရော! ဘာလို့ငါ့ကိုလာမကြိုတာလဲ ပြောပါဦး"
"ဪ အဟဲ အဲ့ဒါက ငါအလုပ်ကိစ္စအရေးကြီးနေလို့ပါကွာ"
"အင်း အင်း ဟုတ်ပါပြီ ထားပါတော့"
"အင်း ဟားဟားဟား ခ်ခ်"
အင်း တစ်လုံးတည်း ပြန်ဖြေကာ ခုနက နမ်ဂျွန်းပြောတာကို ပြန်တွေးမိသည်အထင် ဟိုဆော့က ဗိုက်ကိုနှိပ်ကာထပ်ရီနေပြန်သည် ။
"တော်ပြီကွာ! ဟျောင့် မင်းထပ်မရီနဲ့တော့!!"
"အေး အေးပါကွာ ဆောတီးဆောတီး"
"ဒါနဲ့ အဲ့ကောင်လေးက ခုဘယ်သွားတာလဲ"
"ဘယ်ကောင်လေး? .. ဪ ဂျီမင်းလား ၊ ဂျီမင်းက အလုပ်သွားတာလေ ၊ မနက်ကနေညထိ"
"ဟမ် အဲ့ကောင်လေးက တက္ကသိုလ်ကျောင်းသားဆို"
"အွန်းလေ ဟုတ်တယ်လေ"
"ဒါဆိုဘာလို့အလုပ်လုပ်နေရတာလဲ? သူ့မိဘတွေကပိုက်ဆံမပေးဘူးလား"
"အာ..သူပြောတာတော့ သူက တစ်ကောင်ကြွက်တဲ့ ၊ သူ့မိဘနှစ်ပါးလုံးက ဆုံးသွားပြီတဲ့ ၊ အဲ့တော့.. . ကိုယ့်အားကိုယ်ကိုးပြီး လုပ်နေရတာပေါ့ကွာ"
"ဪ...သနားစရာလေးနော် ကောင်လေးက ပုပုသေးသေးနုနုဖတ်ဖတ်လေးနဲ့ တစ်ကောင်ကြွက်ဖြစ်နေရရှာတာ...."
YOU ARE READING
𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-2}