-5-

806 146 72
                                    

- Unicode -

"ဂျေ! ပြန်တော့မယ်မလား"

ဂျီမင်း ကစားကွင်းတွင် ဆော့အပြီး  ကော်ဖီဘူးနှစ်ဘူးဝယ်ကာ ပြန်လာတော့ ဂျွန်က သစ်ပင်ရိပ်အောက်မှာ ဟိုကြည့်ဒီကြည့်နှင့် ၊ ဂျီမင်း ခဏတော့ရပ်‌ကြည့်နေမိသေးသည် ။

မဆိုးပါဘူး ၊ ယောက်ျားဆန်တဲ့မျက်နှာနဲ့ ချောတော့ချောသားပဲ ငါ့ရုပ်ကိုမမှီပေမဲ့ ..

အနားကိုကပ်သွားလိုက်ပြီး ပြန်တော့မလား မေးလိုက်တော့ ဂျွန်‌က သူ့လက်က နာရီကိုငုံ့ကြည့်ကာ ခေါင်းပြန်ငြိမ့်ပြသည် ။

"အင်း ဒါဆို လာလေ"

ကားနားလေးရောက်တော့ ဂျွန်က အရင်ဝင်ထိုင်လိုက်သည် ၊ ဂျီမင်းလည်း ဝင်ထိုင်လိုက်ပြီး ။

"အိမ်တော်ကိုပဲမလား!"

မေးလိုက်တော့ ခေါင်းပြန်ယမ်းပြတဲ့ ဂျွန် ။

"ဘယ်ကိုသွားဦးမလို့လဲ?"

လက်ထဲကို iPadထိုးပေးလာတာကြောင့် ဂျီမင်း ကြည့်လိုက်တော့ စာကြောင်းတစ်ချို့ရေးထားတာ‌ကိုတွေ့ရသည် ။

"နေ့လည်စာအတွက်လား ၊ အင်း ဟုတ်ပြီလေ ဦးလေး! ဂျွန်စားနေကြ ဆိုင်ကိုသွားမယ်တဲ့"

ရှေ့က ဦးလေးကြီးက ဂျွန်အိမ်တော်မှာ ဒရိုက်ဘာသက်တမ်း ကြာပြီဖြစ်သည် ၊ အိမ်တော်ထိန်းတွေဆီက ကြားရသလောက်တော့ သူတို့ကိုယ်တိုင်ကလည်း ဂျွန်၃နှစ်သားလေးကတည်းက အလုပ်စဝင်ခဲ့တာလို့ပြောကြသည် ၊ ခုဂျွန့်အသက် ၁၉နှစ်ရှိပြီဖြစ်တာကြောင့် သူတို့အလုပ်သက်က ၁၅နှစ်ကျော်ကြာရောပေါ့ ။

အနည်းငယ်အတွေးလွန်နေရင်း ကားက ‌ရုတ်တရက်ထိုးရပ်သွားတာကြောင့် တွေးလက်စတွေအကုန်ပျက်သွားခဲ့ရသည် ။

"ရောက်ပါပြီ သခင်လေး"

ဒရိုက်ဘာဦးလေးကြီးစကားကို ခေါင်း‌ေလးတစ်ချက်တောင် ရိုသေသမှုနဲ့ ပြန်ငြိမ့်ပြမသွားပဲ ကားထဲက ထွက်သွားသောဂျွန် ၊ ကျန်ခဲ့တဲ့ ဂျီမင်းကပဲ မျက်နှာပူစွာနဲ့ ခေါင်းလေးငြိမ့်ပြပြီး ပြုံးတဲ့အရိပ်အယောင်လေးပြခဲ့ရသည် ။

နောက်ကနေ လိုက်သွားတော့ ဂျွန်ဝင်သွားတဲ့ အဆောက်အဦးက တော်တော်ကိုခမ်းနားကြီးကျယ်သည် ။

𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-2}Where stories live. Discover now