-4-

862 152 62
                                    

- Unicode -

"ပြန်ရောက်ပါပြီ"

ဂျီမင်း တိုက်ခန်းထဲပြန်ရောက်ရောက်ချင်း ဟိုဆော့ကို သူပြန်ရောက်ကြောင်း ပြောလိုက်သည် ။

စာရေးစားပွဲပေါ်တွင် မျက်မှန်ကြီးတပ်ကာ စာရွက်ေတွကိုထိုင်လုံးနေသော ဟိုဆော့က ဂျီမင်းစကားကို အသိအမှတ်ပြုသည့် အနေနှင့် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည် ။

"အကို! အပြင်မှာနေရောင်ရှိပါသေးတယ် ၊ ဘာကိစ္စ မီးအိမ်ကြီးကဖွင့်ထားရတာလဲ"

"ဪ ဒါလား ဒါကကွာ ခုဘယ်ချိန်ရှိပြီလဲ"

ဂျီမင်းသူ့လက်က နာရီကိုကြည့်လိုက်ပြီး ။

"၆နာရီခွဲပြီလေ"

"အေးလေ ခုကို၆နာရီခွဲနေပြီ ခဏနေကြရင်လည်း မှောင်တော့မှာပဲလေ ၊ မထူးဘူးဆိုပြီး တစ်ခါတည်းဖွင့်ထားပစ်လိုက်တာ ဟဲဟဲ"

"မေ့ပြီးဖွင့်တာမိတယ်ဆို ဖွင့်ထားတယ်ပေါ့ အလကား လျှောက်ပြောနေ"

ဂျီမင်းအားအရှက်ပြေရီပြပြီး မီးအိမ်ကိုပိတ်ကာ ဂျီမင်းထိုင်ေနသည့်ဘေးနားလာထိုင်လေသည် ။

"ကဲ ပြောပါဦး အလုပ်ရဲ့ပထမဆုံးရက် အဆင်ပြေရဲ့လား"

"ဟူးးး ပြေတယ်ပြောရမလား ၊ မပြေဘူးပြောရမလား"

"ဟမ် မင်းဟာကဘယ်လိုလဲကွ"

"ဒီလိုလေ အဆင်ပြေတာက ခုပဲ လစာပေးလိုက်တာ ၊ မပြေတာက အဲ့အလုပ်ရှင်ဆိုတဲ့လူနဲ့ ၊ လူကိုဗျာ ရိသဲ့သဲ့စကားတွေ ပြောလိုက်တာများ နားတောင်ပေါက်ထွက်တော့မလား အောက်မေ့ရတယ် ၊ ပြီးတော့လည်း ဒီမှာ"

အိတ်ထဲက စည်းကမ်းချက်စာအုပ်ကို ဟိုဆော့ဘက်ထိုးပြီး ပြလိုက်တော့ နားမလည်စွာ ပြန်မေးလာသည့်ဟိုေဆာ့ရဲ့မေးခွန်း ။

"ဘာစာအုပ်လဲ"

"စည်းကမ်းချက်စာအုပ်တဲ့လေ ၊ အချက်ပေါင်း၃၀၀ကျော်ပါတယ်"

"ဪ..."

သွေးအေးစွာ ဪ တစ်လုံးတည်းပြောပြီး တခြားဘက်ကိုမျက်နှာမူသွားတဲ့ ဟိုဆော့ ။

"အကိုက ဘာကိုဪတာလဲ ၊ ကျွန်တော်အဲ့စာအုပ်ကြောင့် ဘယ်လောက်တောင် စိတ်ဒုက္ခရလဲဆိုတာ သိလို့လား!!"

𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-2}Où les histoires vivent. Découvrez maintenant