3

4 0 0
                                    

Unicode

တဖြေးဖြေးန့ဲကျောင်းတက်လာတာဒီနေ့ဆို ပထမအစမ်းစာမေးပွဲဖြေရတော့မယ်...အခန်းတင်စာမေးပွဲဆ်ိုလဲမမှားပါ..ခန့်သော်တို့ အုပ္စုကေတာ့ အတန်းတက်ရမှာမို့ ပျော်နေကြသည်...

" နန်း...ဟိုလေ သဒ္ဒါဝိဘတ်အစကဘာကြီး ငါအစမေ့နေလိူ့ "

" နာမ် ၊ နာမ်စားတို့၏ နောက်၌တည်၍ ၎င်းတို့သည်ကတ္တားဖြစ်သည်....အမေလး အသော် နင်ငယ်ငယိထဲက အ့ဲအကျင့်က မပျောက်ဘူးနော်..ဖြေခါနီးဆို အစတွေမေ့ပြီး မေးတ့ဲအကျင့် ပြီးရင် အချိန်တန်ရင်ရတာဘဲကို "

" ဟီးဟီး နန်းကလဲ ငါက စိတ်လောတတ်တော့ အစေတြ မမှတ်မိတာပါ "
နန်းန့ဲ နိုအာနှစ်ယောက်တော့ဘာမှမပြောတော့..ခန့်သော်ကိုကြည့်ပြီးရီနေလေရ့ဲ....
ခန့်သော်မျက်လူံးမှိတ်ပြီးစာတွေအပြတ်ရွတ်နေစဉ်..တစ်စုံတစ်ယောက်သူ့နားကိုရောက်လာတာကိုမသိလိုက်...
ခန့်ဦးမောင် ခန့်သော်ရ့ဲ ပုခူံးကိုပုတ်လိုက်သည်...

" အမေလး နာမ်စားန့ဲငါန့ဲညား..အာ...ကန်တော့ ယောင်ကုန်ပြီ.. ခန့်ဦးမောင်...ဘာပြောမလို့လဲဟင် "

" အင့်..ဒါန့ဲဖြေခ့ဲ "
ဘောပင်တချောင်းပင်...ဘောပင်က မှင်စိုမဟုတ်ပါ သိူ့သော် မှင်စိုလိုရေးကောင်းသည် တရုတ်တံဆိပ်ပင်...ခန့်ဦးမောင် ဘောပင်ပေးပြီး ခပ်တည်တည်န့ဲ ပြန်လှည့်ထွက်ခ့ဲသည်...နောက်ကျောပေးလိုက်တ့ဲကောင်လေးကိူ ကြည့်နေတ့ဲ ခန့်သော်ကတော့ ထိုကောင်လေးရ့ဲ နှုတ်ခမ်းက အပြုံးလေးတွေ မမြင်လိုက်ပါ...

အင်း...ခန့်ဦးမောင်ပေးတ့ဲဘောပင်ကြောင့်လား...သူဘဲစာရလို့လားတော့မသိ အရင်ကထက်ပိုပြီးဖြေနိုင်သယောင်ပင်...ဘောပင်က တကယ်ကောင်းသည်..လက်ရေးပိုလှစေသည်....၉တန်းတစ်တန်းလုံး အဖြေလွှာတွေထဲမှာ မှင်ယောင်တူတ့ဲ အဖြေလွှာလေးနှစ်ရွက်ပင်....
စာမေးပွဲခန်းက ထွက်လာတော့ ခန့်သော်တစ်ဘာသာပေါ့သွားလို့ပျော်မြူ းနေသည်..
" နန်း အနို...ဘလိုလဲ အကုန်ဖြေနိုင်လား "

" ဒါပေါ့ အကုန်ဖြေနိုငိတယ် " နှစ်ယောက်စလူံးတပြိုင်ထဲပင်...နန်းန့ဲနိုအာ အချင်းချင်းကြည့်ပြီး ပြုံးလ်ိုက်ကြသည်...ထိုစဉ်သူတို့ဆီ လျှောက်လာတာ ယွန်းသူဇာ..အင်းသူဘဲမဟုတ်ဘူး ဘေးမှာ ခန့်ဦးမောင်..
" ဟိတ်နင်တို့အကုန်ရတယ်မလား..."
" ဒါပေါ့ ယွန်းရ ငါတို့ နင့်အခန်းကိုလာထိုင်တော့မှာ နေရာသာရှာပေးထား ဟားဟား " ရီရီမောမောန့ဲ ဖြေလိုက်သည့်ခန့်သော်ကို ကြည့်ပြီး ခန့်ဦးမောင် ပါ ခိုးပြုံးမိသည်...

တစ္ခါကအခ်စ္ဦးWhere stories live. Discover now