6

5 0 0
                                    

Unicode

" မောင် မင်းငါ့ကို မပတ်သတ်ချင်တော့ဘူးလား "

" ....... " ခန့်ဦးမောင်နှုတ်မှ ဘာမွ ထွက်မလာပါ..သူ့အချစ်လေးန့ဲ ဘယ်လိုဆက်သွယ်ရင်အဆင်ပြေမလဲ စဉ်းစားနေတာပင်....သူလဲ မနေနိုင်ပါသူ့အချစ်ငိုနေရင်သူ့နှလုံးသားတွေပါ နာကျင်ရသည်မို့...သူရုတ်တရက်အကြံရသွားသည်...စာအုပ်အသစ်တစ်အုပ်ထုတ်ကာ ခန့်သော်ကို ရေးပြီးပေးလိုက်သည်..
စာအုပ်ကိုမြင်တော့ ခန့်သော် မျက်လုံးလေးများအရောင်လက်လာရသည်...မောင်က သူ့ကိုထားခ့ဲမှာမဟုတ်ဘူးဆိုတာသေချာသည်ပင်...သူစာအုပ်ကိုအမြန်ကောက်ဖတ်လိုက်သည်...မောင့်လက်ရေးသေးသေးလေးတွေ..အမှန်တိုင်းပြောရလျှင် မောင်န့ဲ ခန့်သော်က ဘောပင်တူတာသူံးလို့လားမသိ..လက်ရေးလေးတွေဆင်သည်..အကုန်လုံးကလဲပြောကြသည်..

' အချစ် မငိုပါန့ဲတော့နော်..မင်းငိူရင် မောင်ရင်တွေနာလွန်းလို့ပါ အချစ်ရယ်
အခန်းထဲမှာ မေမေစောင့်ကြည့်ခိုင်းထားတ့ဲသူတချို့ရှိတယ် ဒါ့ကြောင့် မောင်တို့ ခုလိုဘဲ စာန့ဲပေးတာပိုကောင်းမယ် နောက်ဆို မိုးရွာနေရင် မောင့်ထီးယူသွား မဟုတ်လဲ မင်းစားချင်တာမောင့်ကိုစာရေးပေးလိုက်.. မောင်သွားဝယ်ပေးပါ့မယ်နော်..
ပြီးတော့ မေမေက မောင့်ကို အဆောင်ပို့လိုက်ပြီအချစ်
မေမေ့ကိုငယ်ထဲက ကြောက်ရတ့ဲသူမို့ မောင့်ကိုအချစ်ကဘဲ နားလည်ပေးပါ...
နောက်ပြီး အချစ် စာအုပ်ကိုပေးရင်ကိုယ့်ကို လာမပေးန့ဲ ကိုယ့်ခုံအောက်ထဲသာထည့်ထားပေး နော်..ချစ်တယ်မောင့်အချစ်ကို '

ခန့်သော်စာလေးတွေဖတိပြီးသူ့ဘေးကလူကိုခိုးကြည့်ပြီး ပြုံးနေလေသည်..အမြန်အချိန်မဆွဲတော့ဘဲ ခန့်သော် ဘောပင်လေးကောက်ကိုင်ပြီးကုန်းရေးနေလေသည်.....ကျောင်းဆင်းခံနီးမှ စာအုပ်လေးကို ခူံအောက်ထည့်ထားပေးလိုက်သည်..ခန့်ဦးမောင် ပြုံးပြီး အဆောင်မှာ ဖတ်နေသည်...

' မောင် ငါမောင့်ကိုသိပ်ချစ်တာဘဲသိလား..ငါမောင့်မေမေကို နားလည်ပါတယ် မိန်းကလေးန့ဲတောင်ခုချိန် ချစ်ကြိုက်ခွင့်မပေးတာ..ငါက ယောကျာ်းလေးလေ သူစိတ်တိုသင့်ပါတယ်လေ..
ငါလေ ညဂိုက်မှာ မောင်မရှိတော့ တအားပျင်းတာဘဲ မောင်ထိုင်တ့ဲနေရာလေးကိုဘဲ ငေးနေတာသိလား..
မောင်အဆောင်မှာ ထမင်းသေချာစားနော် မောင်ကအစားနည်းတယ် ငါမောင့်ကိုစိတ်ပူတယ်..
သေချာတာတခုက ငါ့ဘက်ကစပြီး မောင့်ကိုမထားခ့ဲဘူးနော်...ဘာဘဲဖြစ်ဖြစ် ငါက မောင့်က်ို ဖက္တြယ္ထားမွာ...မောင်လဲမထားခ့ဲရဘူးနော်..မောင် မင်းထားခ့ဲရင် ငါ သတ်သေပစ်မှာ ငါကရူးတယ်မောင်...အချစ်ရေးမှာရူးတယ် ငါမောင့်ကိုရူးနေအောင်ကိုချစ်တာ..မနက်ဖန်ကျောင်းမှာ တွေ့မယ်နော် မောင်အာဘွား ဟီးဟီး ချစ်တယ် '

တစ္ခါကအခ်စ္ဦးWhere stories live. Discover now