Unicode
" အန်တီနှင်း ခန့်သော်ရှိလားဗျ "
" အော် သားခန့်ဦးမောင်ဘဲ လာလာ ရှိပါ့ မင်းကောင်လေးက အိပ်နေတယ် အခန်းထဲဝင်ပြီး သွားနှိုးလိုက် "
" ဟုတ် အန်တီနှင်း "
ခန့်ဦးမောင် တစ်ယောက် အဆောင်ဝင်ဖို့ရက်ပိုင်းသာလိုတော့သည်မို့ သူမသွားခင် ရက်တိုင်းလာတွေ့ဖို့ဆုံးဖြတ်ထားသည်။သူ့အချစ်လေးက အိပ်နေတာသိုးလို့ သူလာတာကိုပင်မသိ။
" ရွှတ် " ပါးလေးကိုတချက်ဖိနမ်းလိုက်သည်။ ဒါကိုတောင် အမောင်ခန့်သော်က တုပ်တုပ်ပင်မလှုပ်သေးလို့ အူယားပြီး နှုတ်ခမ်းကိုကိုက်ချလိုက်သည်။ နာသွားသည်နှင့်တူသည်။ မျက်နှာလေးမ့ဲလာပြီး အင့် ဆိုပြီးအသံလေးထွက်လာသည်။
' အူယားလိုက္တာကြာ ဘယ်လိုဟာလေးမှန်းမသိဘူး စိတ်ရှိတိုင်းသာကိုက်လိုက်ရင် ပေါက်ထွက်ကုန်တော့မယ် '
ခန့်သော် ကြောင်လိုအပြင်းတချကိဆန့်လိုက်သေးသည်။ ပြီးမှ အသံလေးတွေ ထြက္ကာ မျက်လူံးပွင့်လာသည်။ သူမျက်လုံးဖွင့်ဖွင့်ချင်း အနီးကပ်တွေ့လိုက်ရတာကြောင့် သူ မျက်လုံးတွေ ဝိုင်းစက်သည်အထိ ပြူ းသွားရသည်။
" ဟင် "
" ဘာဟင်တာလဲ ကြောင်ပေါက်လေး နိုးပြီလား "
" အယ်...မောင် မင်းမလား "
ခန့်ဦးမောင်ပါးလေးတွေကိုလက်န့ဲကိုင်ပြီးပြောနေတာကြောင့် အူတွေယားတက်လာရသည်။" ဟုတ်ပါ့ဗျာ ဒီက ကြောင်ပေါက်လေးရ့ဲ တစ်ဦးတည်းသောကောင်လေးပါဗျ "
" ဟားဟား မောင် မင်းကတော့ စကားတတ္လိုက္တာ ဒါန့ဲ ဘယ်ထဲက ရောက်နေတာလဲ ခု ဘယ်နာရီရှိပြီလဲ"
" မောင်ခုနတင်ရောက်တာ အခု မနက်၁၀ နာရီ ရှိနေပြီဗျ မှန်းစမ်း..မောင့် ကြောင်ပေါက်လေး ညက ဇီးကွက်လုပ်နေလို့ခုမှ နိုးတာမလား "
" ဟီးဟီး..မောင် ငါ့ကို မဆူန့ဲနော် "
" ဟမ်း...ထင်သားဘဲ အခ်စ္က စကားနားမထောင်ဘူးဘဲ "
" တခါတလေပါမောင်ရယ်နော်..ငါနောက်ညစောအိပ်ပါ့မယ် နော်.."
" ဟုတ်ပါပြီ ထေတာ့ သွားတိုက် မျက်နှာသစ်ပြီးရင် မနက္စာစား "
YOU ARE READING
တစ္ခါကအခ်စ္ဦး
Randomခန့်သော်: မောင် ငါမင်းကိုအချစ်ဆုံးဘဲ ငါမင်းအပြင်နောက်ထပ်ချစ်နိုင်တော့မှာမဟုတ်ဘူးမင်းသိလား ခန့်ဦးမောင်: အချစ်ရယ် ကတိမတည်တဲ့ မောင့်ကို မင်းလေးမုန်းလိုက်စမ်းပါ မောင်က မင်းနဲ့မတန်ဘူးရယ် နောက်ဘဝမှဘဲ မောင်မင်းဆီ အကြွေးတွေလာဆပ်ပါ့မယ်..