အပိုင်း-(၇)

2.2K 101 2
                                    

Unicode

​စော ရုံးပြန်​ရောက်တဲ့ထိ လင်း ရဲ့မျက်နှာ​ချော​ချောက မျက်လုံးထဲကမထွက်။ အရင်ထဲကလဲ ​ချောတယ်ဆို​ပေမဲ့ ခုကလူကြီးဆန်ဆန်ကို ပိုဆွဲ​ဆောင်မှုရှိလာတာ။ ဒါ​ပေမဲ့ အကျင့်က​တော့အရင်အတိုင်းပဲ ရုပ်တည်ကြီးနဲ့ အ​ချေ type ကြီး။ ​စော ၁ ​ယောက်တည်းဘယ်​လောက်​တောင်အ​တွေးလွန်မိသွားသည်မသိ။ ဇွဲ က ​စော ကို​အော်​ခေါ်လိုက်​တော့မှပဲ လန့်ဖြန့်ပီး သတိကပ်သွားရသည်။

'​စော!'

'ဟင်...ဟင် ဇွဲ'

'ငါ​ခေါ်​နေတာ ၃ ခါ​လောက်ရှိပီ ​စော ဘာ​တွေ​တွေး​နေတာလဲ'

'ဘာမှမဟုတ်ပါဘူး ဒီလိုပါပဲ ဘာ​ပြောမလို့လဲ'

'ဪ customer နဲ့သွား​တွေ့ခဲ့တာအဆင်​ပြေလားလို့​မေးမလို့ပါ'

'​ပြေပါတယ်'

'​ပြေတယ် ဆို​တော့​ ​တော်​သေးတာ​ပေါ့ ငါကစိတ်ပူလို့​မေးကြည့်တာ'

'ဘာလို့လဲ'

'Lynn Group ရဲ့ CEO က အလုပ်လုပ်တဲ့​နေရာမှာ တအားစည်းကမ်းကြီးပီး တိကျတယ်​လေ ​စော အခက်​တွေ့မှာစိုး​နေတာ'

'​ငါကစိတ်ရှည်ပါတယ်'

'​အေးပါ'

စကား​ပြောပီး​တော့ ဇွဲ လည်းသူ့အလုပ်သူပြန်လုပ်၊ ​စော လည်းကိုယ့်အလုပ်ကိုယ်လုပ်​နေလိုက်ဖြစ်​တော့သည်။

အဲ့​နေ့က ​စော အိမ်ပြန်​ရောက်​တော့ အ​တွေး​တွေလွန်​နေမိသည်။ လင်း က ​စော ရဲ့ customer ဖြစ်တာ​ကြောင့် ​နောက်ကျမ​တွေ့ချင်လည်း​တွေ့ရ​တော့မည်ဖြစ်သည်။ ​စော ၁ နှစ်လုံး သူ့ကို​မေ့ထားနိုင်ဖို့ကြိုးစားထားတာ​လေ။ ဒီလိုနဲ့ပဲ အကုန်အချည်းနည်းဖြစ်ကုန်ပြန်ဦးမှာလား။ ​စော တကယ်မသိ​တော့ဘူး။
_______
Bar ၁ ခုတွင်ဖြစ်သည်။ လင်း ၁ ​ယောက်ခါတိုင်းနဲ့မတူပဲ ကြည်လင်​နေတာ​ကြောင့် နန္ဒ ​မေးလိုက်မိသည်။

'​ဟေ့​ကောင် လင်း မင်းဒီ​နေ့ဘာ​တွေ​ကျေနပ်​နေတာလဲ'

'ငါ ​စော ကိုပြန်​တွေ့ခဲ့တယ်'

နန္ဒ ​သောက်​နေတဲ့ အရက်​တောင်သီးမလိုဖြစ်သွားရသည်။

'တကယ်ကြီးလား ဘယ်လို​တွေ့ခဲ့တာလဲ'

တစ်ဖက်သက်မဟုတ်​သော တစ်ဖက်သက်အချစ်Where stories live. Discover now