အပိုင်း-(၉)

2.2K 83 0
                                    

Unicode

​စော ဘာစိတ်ကူး​ပေါက်မိသွားလဲ​တော့မသိ​ပေမဲ့ လင်း ကိုအိမ်ပြန်လိုက်ပို့​စေမိသည်။ ​စော သူ့ကိုဘာလို့ယုံမိရတာလဲ ​တော်ကြာအိမ်ပြန်မပို့​ပေးရင်​ကော ဘယ်လိုလုပ်မလဲ။

ဒါ​ပေမဲ့ ​စော စိတ်ပူ​နေတာ​တွေအမှန်ဖြစ်မလာခဲ့ပါ။ လင်း က ​စော ကိုတန်းတန်းမတ်မတ် အိမ်ပြန်ပို့​ပေးခဲ့သည်။ အိမ်​ရှေ့​ရောက်ကာမှ လင်း ကအ​ရေးကြီး​ပြောစရာရှိတယ်​ပြောပီး ၁ လမ်းလုံးဘာမှမ​ပြောတာသတိရမိသဖြင့် ​စော​ ​မေးလိုက်မိသည်။

'လင်း ငါ့ကို​ပြောစရာရှိတယ်ဆို'

'အင်း'

'​ပြော​လေ ဘာ​ပြောမလို့လဲ'

ထိုအခါ လင်း က ​စော မျက်နှာနားကိုအနည်းငယ်တိုးကပ်သွားလိုက်ပီး ​စော မျက်လုံး​တွေကိုကြည့်လိုက်သည်။

ရုတ်တရက် ​စော မျက်နှာနားတိုးလာ​သော လင်း ​ကြောင့် ​စော နည်းနည်း​တော့​တောင့်သွားရသည်။ ပီး​တော့ ​စော မျက်လုံး​တွေကိုကြည့်လာတဲ့ သူ့မျက်လုံး​တွေက စော ကိုညှို့ယူ​နေသလိုပင် ခံစားရ​စေသည်။

​သေချာကြည့်​တော့မှ လင်း မျက်လုံး​တွေက တကယ်စူးရှတာပဲ...

'​စော...ကိုယ်မင်းကို စ'လိုက်​တော့မလို့'

​စော ​ကြောင်အသွားရလျက် ဘာစကားမှ​တောင်ပြန်မ​ပြောနိုင်​တော့ပါ။

'ကိုယ်မင်းအချစ်ကိုရဖို့ ကြိုးစားကြည့်လို့ရတယ်မလား'

​စော မျက်နှာ​တွေပူလာပီး ရင်​တွေလည်း တဒုန်းဒုန်း ခုန်လာရ​တော့သည်။

ဘာလဲ သူကလိုက်မယ်လို့ ​ပြောရုံ​လေး​တောင် ဒီ​လောက်ထိရင်ခုန်​နေမိတာလား...

'​စော...​စော သွား​တော့မယ်'

ပီးတာနဲ့ ​စော မှာကား​ပေါ်မှ ဆင်း​ပြေးသွား​တော့သည်။

ရှက်ပီး ကား​ပေါ်မှ​ဆင်း​ပြေးသွား​သော​ကောင်မ​လေးကို လင်း ပြုံးလျက်သာလိုက်ကြည့်​နေမိ​တော့သည်။ ​စော ကရှက်​နေတာ​တောင် အလွန်ချစ်စရာ​ကောင်းသည်။ ​စော ကဘာမှပြန်မ​ပြောသွား​ပေမဲ့ ​စော ရဲ့တုန့်ပြန်ပုံကိုကြည့်ရသ​လောက်​တော့ အ​ခြေအ​နေမဆိုးဘူး ဟု​ပြောလို့ရသည်။ ​စော အိမ်ထဲ​ပြေးဝင်းသွားသည်ထိကြည့်ပီး​တော့မှသာ လင်း လည်းထို​နေရာမှထွက်လာခဲ့လိုက်​တော့သည်။

တစ်ဖက်သက်မဟုတ်​သော တစ်ဖက်သက်အချစ်Tempat cerita menjadi hidup. Temukan sekarang