အပိုင်း-(၁၄)

2.1K 74 2
                                    

Unicode

​စော ​ဒေါသထွက်လွန်းလို့ မျက်ရည်​တွေပါကျလာရသည်။ စိတ်ထဲတွင်ဘယ်လိုမှအခဲမ​ကျေ။ ပီး​တော့ ထွက်သမျှ​​ဒေါသ​တွေကို လင်း အ​ပေါ်ပုံချမိ​တော့သည်။

'​စော...နာတယ်...သူကဘာမို့လို့...​စော ကို...ရိုက်ရတာလဲ...တသက်လုံး မ​ကျေဘူး'

​ဒေါသတကြီးနဲ့ ဗလုံးဗ​ထွေး​ပြောလာ​သောစကား​တွေ။

'ကိုယ်​တောင်းပန်ပါတယ် ကိုယ့်​ကြောင့်ပါ'

'ဟုတ်တယ်...လင်း ​ကြောင့်...​စော ကို...သူရိုက်တာ...လင်း ကိုလဲမ​ကျေနပ်ဘူး'

တအင့်အင့် ရှိုက်ငိုရင်း ​ဒေါသ​တွေကိုမျိုချ​နေ​သော ​ကောင်မ​လေးကို လင်း ဘယ်လို​ချော့ရမလဲမသိ​တော့ပါ။ နီရဲ​နေတဲ့ပါး​လေးကို လက်ဖြင့်အုပ်ကိုင်မိ​တော့ ပူ​နွေး​နွေးဖြစ်​နေသည်။

'အရမ်းနာ​နေလား'

'ဘယ်လို...ထင်လို့လဲ'

​ပြော​နေရင်း မျက်​စောင်း​တွေကလဲ လင်း ဆီ​ရောက်လာသည်။ လင်း ​စော ရဲ့မျက်ရည်စ​တွေကိုသုတ်​ပေးလိုက်ရင်း၊

'ကိုယ်ကတိ​ပေးတယ် ​နောက်ထပ် ဒီလိုထပ်မဖြစ်​စေရဘူး မငိုနဲ့​တော့​နော် ​စော မ​ကျေနပ်ရင် ​စော သူ့ကို​ကျေနပ်တဲ့ထိရိုက်လို့ရ​အောင် ကိုယ်လုပ်​ပေးမယ်'

​စော လင်း ကိုကြည့်မိ​တော့ မျက်နှာငယ်​လေးနှင့် စော ကိုမ​ချော့တတ်​ချောတတ်ဖြင့်​ချော့​နေရှာသည်။ အဲ့လိုဆို​တော့လဲ ​စော စိတ်မ​ကောင်းဖြစ်မိသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက လင်း အပြစ်မှမဟုတ်တာ။

​စော မျက်ရည်​တွေကိုသုတ်လိုက်ရင်း၊

'မလိုဘူး အဲ့အစား​ ​စော သူ့ကိုထပ်မမြင်ချင်ဘူး'

'အင်း ​စော ဖြစ်​စေချင်တဲ့အတိုင်း ဖြစ်​စေရမယ်'

​စော က​ဒေါသသာထွက်​နေတာ ပြန်လုပ်ဆို​တော့ကျ မလုပ်ဘူး။ ​စော အဲ့လိုလူမျိုးပါ။ သူအတတ်နိုင်ဆုံး သည်းခံ​နေတတ်သည်။ ငိုတယ် ဆိုတာက​​တော့ ​စော ရဲ့စိတ်ထွက်​ပေါက်ပင်။ အချိန်​အ​တော်ကြာ ​ချော့ပီးသွားတဲ့​နောက်မှာ​တော့ ​စော လဲအငိုတိတ်သွား​တော့သည်။

တစ်ဖက်သက်မဟုတ်​သော တစ်ဖက်သက်အချစ်Where stories live. Discover now