အပိုင်း-(၁၅)

2.3K 82 0
                                    

Unicode

ဒီရက်ပိုင်း အလုပ်များ​နေတာ​ကြောင့် ​စော ဒီ​နေ့လဲ ​နောက်ကျမှအိမ်ပြန်ရသည်။ လင်း ကလဲ ဒီ​နေ့နည်းနည်း​နောက်ကျမယ်​ပြောတာ​ကြောင့် ​စော Cafè မှာပဲ​စောင့်ဖို့ဆုံးဖြတ်လိုက်သည်။

​စော ကားလမ်းဖြတ်ကူး​တော့ ကား ၁ စီးက အရှိန်ဖြင့် ​စော ဆီတည့်တည့်​မောင်းလာ​နေသည်။ လုံးဝအရှိန်​လျှော့မသွား။ ​စော လန့်သွားပီး ​တောင့်​တောင့်ကြီးရပ်​နေမိတုန်းမှာပဲ ၁ ​ယောက်​ယောက်က ​စော ကို လမ်း​​​ဘေးဘက်သို့အမြန်ဆွဲချသွားတာ​ကြောင့် သီသီ​လေးလွတ်သွားရသည်။

'ဇွဲ'

'ထိမိသွား​သေးလား'

​စော ​ခေါင်းခါပြလိုက်မိသည်။ ထိုစဥ်မှာပဲ ခုဏက​ကျော်သွားတဲ့ကားက ပြန်​ကွေ့လာပီး ​နောက် ၁ ကြိမ်​စော ဆို့ဆီဦးတည်လာပြန်သည်။ ​စော ​ရော ဇွဲ ​ရော ဒီ ၁ ခါ​တော့တိုက်မိပီဟု ထင်လိုက်ချိန်တွင် ထိုကား​ရှေ့သို့ကား ၁ စီးကပိတ်တားလိုက်သဖြင့် ​စော တို့ကိုတိုက်မိရမည့်အစား ထိုကားကိုသာတိုက်မိသွားသည်။

ဝင်တားလိုက်တဲ့ ကားကို​ ​စော ​သေချာကြည့်မိ​တော့မှ

ဒါ...လင်း ရဲ့ကားမလား!

​စော ​တွေးလို့မှမဆုံး​သေး လင်း ကကား​ပေါ်မှဆင်းလာသည်။ လင်း ရဲ့​ခေါင်းမှာလဲ​​သွေးတွေနဲ့ ​အဲ့တာ​တောင် လင်း က​ ​စော ဆီ​ရောက်​အောင်​​လျှောက်လာသည်။

'​စော...ခိုက်မိသွား​သေးလား'

'ဟင့်အင်း လင်း အဆင်​ပြေရဲ့လား! ​သွေး...​သွေး​တွေ'

လင်း က​ ​စော ဘာမှမဖြစ်တာ​သေချာ​အောင်ကြည့်ပီး​နောက်မှာ​တော့၊

'​တော်​​သေးတာ​ပေါ့...'

လင်း က ​စော ​ရှေ့မှာတင် သတိလစ်သွား​တော့သည်။ လင်း ရဲ့ပြိုကျလာ​သော ခန္ဓာကိုယ်ကို ​စော လှမ်းထိန်းထားလိုက်ရသည်။

'လင်း! လင်း! သတိထားဦး​လေ! လင်း!'
_______
​စော ခွဲစိတ်ခန်း​ရှေ့တွင် ​​​စောင့်​နေရသည်။ လက်မှာ​ပေ​နေတဲ့ လင်း ရဲ့​သွေး​တွေကိုလဲ မ​ဆေးရ​သေး။ မျက်ရည်​တွေက ပါးပြင်​ပေါ်သို့အဆက်မပြတ်စီးကျ​လာ​နေသည်။ ဇွဲ က​တော့ ​ဘေးမှ​နေ၍ နှစ်သိမ့်​ပေးရှာပါသည်။

တစ်ဖက်သက်မဟုတ်​သော တစ်ဖက်သက်အချစ်Where stories live. Discover now