Chapter 2(1): The Unfathomable And Mysterious Boss

291 30 11
                                    

အခန်း ၂ - ထူးဆန်းသည့်ပိုင်ရှင်
_________________________

ကျန်းနန်လေမျိုးနွယ်က ပေါက်ကွဲမှုပြင်းအားမြင့်သည့် ယမ်းမှုန့်တွေကိုစတင်တီထွင်ခဲ့ကြတာဖြစ်သည်။အစောပိုင်းနှစ်များတွင် လေကလန်၏ခေါင်းဆောင်ဖြစ်သူမှ သိုင်းလောကတွင်အသုံးအများဆုံးဖြစ်သည့် လက်နက်နှစ်မျိုးကိုစွန့်လွှတ်ဖို့ဆုံးဖြတ်ခဲ့ကြကာ "ဓားမြှုပ်၊ ဓားခွဲခြင်း"ကိုပြုလုပ်ခဲ့ကြ၏။
သူတို့က သေနတ်တွေကိုတီထွင်ဖို့စတင်ခဲ့ကြပြီး ထိုအချိန်များ၌ လူများက လက််နက် ဒါမှမဟုတ် ဓား တစ်ခုခုမသုံးသည့်မိသားစုက သိုင်းလောက၌ရှင်သန်နိုင်မည်မဟုတ်ဟု ထင်ခဲ့ကြသည်။သို့သော်လည်း ကျန်းနန်လေမျိုးနွယ်က တကယ်ပင်လုပ်နိုင်ခဲ့၏။သူတို့လက်နက်တွင်ယမ်းမှုန့်များကိုထည်ဘသွင်းတီထွင်နိုင်ခဲ့ပြီး အထွတ်အထိပ်မိသားစုတစ်ခု ဖြစ်လာခဲ့သည်။

"ငါတို့လေကလန်ကို စော်ကားမိပြီးနေပြီ၊ ငါတို့အဲဒါကိုနောက်ပြန်လှည့်လို့မရတာကိုသိတယ်၊ သူနဲ့မတိုက်ခိုက်ခဲ့ရင်တောင် ငါတို့တွေသေမှာကို စောင့်နေရမှာပဲ"

ခေါင်းဆောင်ဖြစ်သူမှာ ကျန်းနန်လေမျိုးနွယ်က သူတို့ကိုစော်ကားလာလျှင် ဘယ်တော့မှသက်ညှာမှုမရှိတာကိုသိထားခဲ့သည်။ထို့ကြောင့် သူ့ရင်အစုံမှာတုန်လှုပ်လာပြီး ဓားကိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။

လေဝူကျဲကရယ်လိုက်ရင်း သူ့ခေါင်းကိုခါယမ်းလိုက်သည်။

"ငါကသူ့ဓားပေါ်မှာ မိုးကြိုးလုံးလေးနည်းနည်းလောက်ဖြန့်လိုက်ရုံပါပဲ၊ ဒါပေမယ့် ခင်များတို့ဆက်ပြီး အဓိပ္ပါယ်မရှိလုပ်နေရင် ကျွန်တော်..."

"တိုက်စမ်း!"

ခေါင်းဆောင်ကဓားကိုဝေ့ယမ်းလိုက်ပြီး သူ့လက်အောက်ငယ်သားများက လေဝူကျဲဆီပြေးဝင်သွားကြသည်။

"ခင်များတို့!" လေဝူကျဲ၏မျက်လုံးများက ပြူးကျယ်သွားပြီး သူကဆက်၍ပြောသည်။ "ခင်များတို့ တကယ်ကို မကြောက်ကြဘူးလား"

သူစကားပြောနေချိန်၌ ဓားသုံးလက်က သူ့ခေါင်းဆီဖြတ်ဝင်လာ၏။

ငယ်ရွယ်သူတို့၏ခရီးရှည် (ဘာသာပြန်)Where stories live. Discover now